ကျောက်ဖြူတွင် မိုးမရွာဘဲ ထူးဆန်းစွာ ဗာဒံပင်မှ မိုးသီးများအဆက်မပြတ် ကြွေကျ၍ လာရောက်ကြည့်ရှု သူများပြား

ကျောက်ဖြူတွင် မိုးမရွာဘဲ ထူးဆန်းစွာ ဗာဒံပင်မှ မိုးသီးများအဆက်မပြတ် ကြွေကျ၍ လာရောက်ကြည့်ရှု သူများပြား
by -
နိရဥ္စရာ
ကျောက်ဖြူမြို့နယ်၊ ဂြင်ကြီးကျေးရွာအုပ်စု၊ ကပိုင်ချောင်းကျေးရွာ ဘုန်းတော်ကြီးကျောင်း ခြံဝင်း အတွင်းတွင် ရှိသည့် ဗာဒံပင် တစ်ပင်မှ မိုးမရွာဘဲ မိုးသီများ အဆက်မပြတ် ရွာချနေသဖြင့် အထူးအဆန်းဖြစ် လူအများလာရောက်ကြည့်ရှုနေကြသည်ဟု သတင်းရရှိသည်။ ၎င်းဗာဒံပင်မှာ သက်တမ်းနှစ်ပေါင်း(၄၀)ကျော်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

ကဆုန်လပြည့်နေ့က ရွာသူရွာသားများ ဘုရားညောင်ရေသွန်းလောင်း ပူဇော်ပြီးသည်နှင့် တစ်ပြိုင်နက် ပင်စည်မှအစ အကိုင်းအခက် များနှင့် အရွက်များ အားလုံးမှ မိုးသီးမိုးပေါက်များ အလိုအလျောက်ကျလာရာ တစ်နေ့လျှင် ရေလီတာ(၂၀)ကျော်ခန့် ရှိမည်ဖြစ်ပြီး ယခုအချိန်ထိ ပုံမှန်ကျနေကြောင်း ဒေသခံများက ပြောသည်။

၎င်းနေရာသို့ ကိုယ်တိုင်သွားရောက်ကြည့်ရှုခဲ့သူ ကပိုင်ချောင်းရွာဇာတိ ကိုစံတင်မောင်က
‘‘ဖြစ်နေတာတော့ တော်တော်ထူးဆန်းတယ်။ ပင်ရဲ့ ပင်စည်ကနေပြီးတော့ အကိုင်းအခတ်ထိ အသေအချာကြည့်ခဲ့တယ်။ အကိုင်းတွေမှာ အမြှုပ်လိုလိုကပ်နေတာလည်းရှိတယ်။ ကြမ်းပိုးနဲ့တူတဲ့ အကောင်သေးသေးလေးတွေလည်းတွေ့ခဲ့တယ်။ အပင်မှှာ ကပ်နေတဲ့ အမြှုပ်တွေ ပျော်ကျရုံ လောက်နဲ့လည်း ကျလာတဲ့ရေက ဒီလောက်များမယ်မထင်ဘူး။ မနက်ပိုင်းဆိုရင် ရေအကျပိုများတယ်။ အပင်က ကျလာတဲ့ရေကလည်း ရေခဲရေလိုတအားအေးတယ်။ လာကြည့်တဲ့သူတွေက ခွက်တွေနဲ့ ရေခံယူထားကြတယ်။ အထူးအဆန်းဆိုပြီးတော့ သောက်ကြတယ်။ ဒဏ်ရာတွေကိုထည့်ရင်လည်း ကောင်းတယ်လို့တစ်ချို့ကပြောကြတယ်။ ကျနော်တို့ကတော့ သောက်တော့ သောက်ခဲ့တယ်’’ဟုသူကပြောသည်။

ဘုန်းတော်ကြီးကျောင်းခြံဝင်းအတွင်းတွင် တစ်ခြားအပင်အများအပြားနှင့် နောက်ထပ် ဗာဒံပင်လည်း ရှိကြောင်း၊ သို့သော် တစ်ပင်တည်းမှ မိုးသီးကြွေကျနေကြောင်း၊ ၎င်းအပင်မှာ ဘုရားကြီးရဲ့ မုဒ်ဝရှေ့က အပင်ဖြစ်ကြောင်း ၎င်းကဆက်လက်ပြောကြားခဲ့သည်။

၎င်းအပင်က အလိုအလျောက် မိုးသီးမိုးပေါက် ကျဆင်းလာခြင်းမှ ကောင်းခြင်းလက္ခဏာဆောင်ကြောင်း နမိတ်ကောင်းလို့ ကပိုင်ချောင်းကျောင်းတိုက်မှ ကျောင်းထိုင်ဆရာတော် ဦးပညာနန္ဒက ကောက်ချက်ဆွဲမိန့်ကြားကြောင်း ဒေသခံတွေကပြောသည်။

အဆိုပါ သတင်းသည် ပတ်ဝန်းကျင်သို့ ပျံ့နှံ့ကာ နေ့စဉ်လာရောက်ကြည့်ရှုသူ အများအပြား ရှိလာနေပြီး အိုး၊ ခွက်၊ ဇလုံးများဖြင့် ရေကိုခံယူလျက်ရှိကြောင်း ဒေသခံတွေကပြောသည်။

ကပိုင်ချောင်းကျေးရွာသည် ကျောက်ဖြူမြို့၏ အရှေ့မြောက်ဘက်တွင် တည်ရှိပြီး ကျောက်ဖြူမြို့မှ ရေလမ်း (၁၅)မိုင်ခန့်ကွာဝေးကာ အိမ်ခြေ(၁၀၀၀)ဝန်းကျင်ရှိကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...