စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးရေးမလုပ်နိုင်တော့ပဲ စားဝတ်နေရေးအတွက် ပူပန်နေရ

စစ်ဘေးရှောင်တောင်သူများ စိုက်ပျိုးရေးမလုပ်နိုင်တော့ပဲ စားဝတ်နေရေးအတွက် ပူပန်နေရ

ကရင်နီပြည်နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ နေ့စဉ် အပြန်အလှန်ပစ်ခတ်မှုများ ဖြစ်နေတဲ့အပြင် အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများကို ရမ်းသမ်းပစ်ခတ်နေတဲ့အတွက် မြို့ပေါ်ရပ်ကွက်နေပြည်သူများသာမက ကျေးလက်နေ ပြည်သူများလည်း ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပါတယ်။

စစ်ဘေးရှောင်များထဲမှ တောင်သူများက စိုက်ပျိုးရာသီရောက်ပြီဖြစ်တဲ့အတွက် မိုးရာသီမှာ စိုက်ပျိုးရေးများမလုပ်ရတော့ပဲ စားဝတ်နေရေးအတွက် အထူးစိုးရိမ်ပူပန်နေကြတယ်လို့ တောင်သူတစ်ဦးက ပြောပါတယ်။

“အခက်အခဲရှိတာပေါ့။ ဆန်စပါးလည်း စားစရာမရှိတော့ဘူး။ အဲလိုတွေဖြစ်ကုန်မှာ။ စိုက်ပျိုးတာလည်း မလုပ်ရတော့ဘူးဆို စားစရာလည်း မရှိတော့ဘူးလေ” လို့ သူကပြောပါတယ်။

ကရင်နီပြည်နယ်မှာ ကုန်စျေးနှုန်းတွေ မြင့်တက်လာတဲ့အပြင် တစ်မြို့နဲ့တစ်မြို့ ကူးလူးဆက်သွယ်သွားလာတဲ့ ပြည်ထောင်စုလမ်းမကြီးပေါ်ရှိ တံတားတွေ ဖျက်ဆီးခံရတဲ့အတွက် ကုန်ပစ္စည်းပြတ်လပ်မှုတွေလည်း ကြုံနေရပါတယ်။

မြို့ပေါ်ရပ်ကွက်နေ တောင်သူလယ်သမားများမှာ တောင်ယာစိုက်ပျိုးရေးလုပ်ငန်းများ လုံးဝမလုပ်နိုင်တော့ပဲ ဖြစ်နေပါတယ်။ ကျေးလက်နေတောင်သူလယ်သမားများကတော့ အနည်းငယ်စိုက်ပျိုးမှုတွေ လုပ်နိုင်သေးတယ်လို့ ဆိုပါတယ်။

ထွန်ယက်စိုက်ပျိုးရေးလုပ်ငန်းများ လုပ်နိုင်သေးတဲ့ တောင်သူများအတွက်လည်း ဒီဇယ်၊ မြေဩဇာ စတဲ့ပစ္စည်းတွေကို ဝယ်ယူဖို့ခက်ခဲတယ်လို့လည်း ဆိုပါတယ်။

“အခက်အခဲကတော့ အများကြီးရှိတယ်။ ဒီဇယ်ကစပေါ့။ ထွန်ယက်ဖို့လိုတယ်လေ။ မြေဩဇာတွေဆိုရင်လည်း သွားယူစရာမရှိတော့ဘူးလေ။ ရှိလည်းမရှိတော့ဘူး။ သွားယူလို့လည်းမရတော့ဘူးဆိုတော့ အခက်အခဲတွေ အများကြီးရှိတယ်” လို့ တောင်သူတစ်ဦးက ပြောပါတယ်။

ကရင်နီပြည်နယ်မှာ မေလ ၂၁ ရက်နေ့ကစပြီး ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ အကြမ်းဖက်စစ်ကောင်စီတပ်တို့ အပြန်အလှန်ပစ်ခတ်မှုများကြောင့် တိုက်ပွဲပြင်းထန်ရာကနေ ပြည်သူများက ဘေးလွတ်ရာကို တိမ်းရှောင်နေကြရပြီး ယနေ့အချိန်ထိ စစ်ဘေးရှောင်ပြည်သူများ တစ်သိန်းဝန်းကျင်ရှိနေပြီလို့ သိရပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆိုမြို့နယ်
May 8, 2026
မေလ ၆ရက်နေ့မှာ ကျရောက်တဲ့ ပြည်သူ့ကာကွယ်ရေးတပ် - ဒီးမော့ဆို (DMO Local PDF)ရဲ့ တပ်တည်ထောင်ခြင်း (...
May 7, 2026
ဧပြီလအကုန် မေလအစမှာ ဓာတ်ဆီဈေးတွေ အနည်းငယ် ပြန်လည်ကျလာတာကြာင့် ကရင်နီပြည်၊...
May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...