ဒီမော့ဆိုတိုက်ပွဲမှာ KNDF အဖွဲ့ဝင်တစ်ဦးနဲ့ ရွာသားတစ်ဦးကျဆုံး

ဒီမော့ဆိုတိုက်ပွဲမှာ KNDF အဖွဲ့ဝင်တစ်ဦးနဲ့ ရွာသားတစ်ဦးကျဆုံး

မေလ ၃၁ ရက်နေ့ ဒီမော့ဆိုမြို့နယ်အတွင်း ကျောက်ဆည်ကန်အနီးမှာ ကရင်နီအမျိုးသားကာကွယ်ရေးတပ်နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ပွားခဲ့ပြီး KNDF အဖွဲ့ဝင်တစ်ဦးနဲ့ ရွာသားတစ်ဦး ကျဆုံးသွားတယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) က ထုတ်ပြန်ကြေညာပါတယ်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ အဆိုပါတိုက်ပွဲမှာ လွိုင်ကော်အခြေစိုက် အမြောက်တပ်ကနေ လက်နက်ကြီး၊ တာဝေးပစ်အမြောက်တွေသုံးပြီး ပစ်ခတ်ခဲ့သလို စစ်သုံးရဟတ်ယာဉ်တွေသုံးပြီး ပစ်ခတ်ခဲ့တဲ့အတွက် သေဆုံးရတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

ကရင်နီပြည်နယ်အတွင်းမှာရှိတဲ့ မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ် (PDF) အားလုံးကို ကရင်နီအမျိုးသားကာကွယ်ရေးတပ် (KNDF) အမည်နဲ့ မေလ ၃၁ ရက်နေ့မှာ ပြန်လည်စုစည်းဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။

KNDF ပြောဆိုခွင့်ရှိသူတစ်ဦးက “ကရင်နီပြည်မှာ ၇ မြို့နယ်ပေါ့ PDF တရားဝင်ဖွဲ့ထားတာ လွိုင်ကော်လည်ထွက်ပြီ ဒီမော့ဆိုလည်းရှိတယ်ပေါ့နော ဒီမော့ဆိုထွက်တယ် နန်းမယ်ခုံထွက်တယ် မိုးဗြဲဖယ်ခုံကတော့ ရှမ်းဖက်ပါသွားတာပေါ့နော။ အခုလက်ရှိ ထွက်နေတာကတော့ ကရင်နီပြည်နယ်နဲ့ဆိုရင် ၃ ခုထွက်တယ်ပေါ့။ လွိုင်ကော်ရယ် ဒီမော့ဆိုရယ် နန်းမယ်ခုံပေါ့နော။ အဲ့ ၃ ခုထွက်တဲ့ထဲမှာမှ လွိုင်ကော်အနေနဲ့ဆိုရင် နာနတ်တောမှာ တိုက်ခိုက်မှုဖြစ်နေတယ် ဒီမော့ဆို PDF နဲ့ အကြမ်းဖက်စစ်ကောင်နဲ့ ဖြစ်နေတယ်ပေါ့နော ဒီမော့ဆိုမြို့ထဲမှာပဲ တိုက်ပွဲအများစု ဖြစ်ပွားနေတယ်ပေါ့။ နောက်တစ်ခုက မိုးဗြဲဖယ်ခုံဖက်မှာ ဖြစ်နေတယ်။ ဒီနေ့မှ ဖွဲ့စည်းတယ် ဖွဲ့စည်းရတဲ့အကြောင်းရင်းက ကရင်နီပြည်နယ်မှာရှိတဲ့ မြို့နယ်အလိုက် PDF တွေစုပေါင်းပြီးတော့ ဖွဲ့စည်းတဲ့ အဖွဲ့အစည်းတစ်ခုဖြစ်တယ်။ ရှေ့ဆက်ပြီးတော့လည်း စစ်ကောင်စီတွေကို အမြစ်ပြတ်တဲ့အထိ တိုက်ထုတ်သွားမှာပေါ့” လို့ ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

မတရားအာဏာသိမ်းပြီး ပြည်သူလူထုကို အကြမ်းဖက်နေတဲ့ စစ်ကောင်စီကို အင်အားအပြည်နဲ့ တန်ပြန်တိုက်ခိုက်သွားမှာဖြစ်ပြီး စစ်ကောင်စီရဲ့ဖိနှိပ်မှုကို ဆက်လက်တွန်းလှန်တိုက်ပွဲဝင်သွားမယ်လို့ ထုတ်ပြန်ပါတယ်။

မတ်လ ၁၉ ရက်နေ့မှ မေလ ၃၁ ရက်နေ့အထိ အကြမ်းဖက်စစ်ကောင်စီကို ခုခံတိုက်ခိုက်ခြင်း၊ သပိတ်မှောက်ခြင်းကြောင့် ကျဆုံးသွားတဲ့တော်လှန်ရေးသမားတွေနဲ့ အပြစ်မဲ့ပြည်သူတွေ စုစုပေါင်း (၃၁) ဦး ကျဆုံးခဲ့တယ်လို့ KNDF ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...