KNPP နှင့် စစ်ကောင်စီတို့ ဖားဆောင်းမြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

KNPP နှင့် စစ်ကောင်စီတို့ ဖားဆောင်းမြို့နယ်အတွင်း အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွား

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်၊ ခဲမဖြူ- မော်ချီးလမ်းမကြီး ၇ မိုင်မှာ KNPP နဲ့ စစ်ကောင်စီတို့ ယမန်နေ့ (မေလ ၂၇ ရက်) မွန်းလွှဲ ၂ နာရီ အပြန်အလှန်ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ KNPP ပြောရေးဆိုခွင့်ရှိသူတစ်ဦးမှ ယနေ့ မေလ ၂၈ ရက်နေ့မှာ ပြောပါတယ်။

"ဖြစ်စဉ်က သူတို့ဖက်က ဖားဆောင်းကနေ မော်ချီးတက်လာတယ် ကျတော်တို့ဖက်က စောင့်ပစ်တယ်။ ဖြစ်တာကတော့ ၇ မိုင်မှာဖြစ်တယ်။ ခနလေးပဲဖြစ်တယ် မနေ့ကတော့ လမ်းတော့ တနေ့လုံးပိတ်သွားတယ်ပေါ့နော ဒီနေ့တော့ ပြန်သွားလို့ရပြီပေါ့နော။ လမ်းမကြီးပေါ်မှာသွားတော့ KNPP လည်း လမ်းကြောင်းပိတ်တာ။ ကားလမ်းဘေးမှာ သူတို့ (စစ်ကောင်စီ) ဦးထုပ်တွေ ကျောပိုးအိတ်တွေကျန်ခဲ့တယ်" လို့ ၎င်းကပြောပါတယ်။

အဆိုပါပစ်ခတ်မှုက ၁၅ မိနစ်ဝန်းကျင်ခန့်ရှိပြီး KNPP ဖက်က လမ်းရှင်းရေးလုပ်ဆောင်နေတဲ့အချိန် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်သလို စစ်ကောင်စီဖက်က ထိခိုက်မှုရှိခဲ့တယ်လို့ မြင်တွေ့ရတဲ့ဒေသခံတွေက ပြောပါတယ်။

အနီးအနားမှာနေထိုင်တဲ့ ဒေသခံတစ်ဦးပြောကြားချက်အရ စစ်ကောင်စီဖက်က ဒဏ်ရာရတဲ့စစ်သားတွေ ဖားဆောင်းဖက်ပြန်ပို့တာ တွေ့ရတယ်လို့ ပြောပါတယ်။

"တိုက်ပွဲဖြစ်တယ် ဒဏ်ရာရတယ် သူတို့ပြန်လာတော့ ရွာသားကတွေ့တယ်လေ။ ရွာသားက အလုပ်သွားလုပ်မလို့" လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

မေလအတွင်း အကြမ်းဖက်စစ်ကောင်စီနဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) တို့ မေလ ၂၀ ရက်နေ့မှာ တိုက်ပွဲတစ်ကြိမ်ဖြစ်ပွားခဲ့ပြီး ယခု ဒုတိယအကြိမ်မြောက် ပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...