အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ ဒေသခံတဦးအား သေဆုံးသည်အထိ အိမ်ထဲသို့ဝင်ရောက်ရိုက်နှက်

အကြမ်းဖက်စစ်ကောင်စီအုပ်စုမှ ဒေသခံတဦးအား သေဆုံးသည်အထိ အိမ်ထဲသို့ဝင်ရောက်ရိုက်နှက်

လွိုင်ကော် - ဒီမော့ဆိုမြို့လမ်းမကြီးရှိ ဒေါပိုးစီကျေးရွာမှာ ယနေ့ မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီအုပ်စု အင်အား ၃၀ ခန့်က ဒေသခံတစ်ဦးကို နေအိမ်ခြံထဲထိဝင်ရောက်ပြီး ညှင်းပန်းနှိပ်စက်ရိုက်သတ်ခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။

"အိမ်ထဲမှာနေတယ်ပြောတာပဲ၊ အိမ်ထဲဝင်လာပီးတော့ ရိုက်သတ်သွားတာ၊ အယောက် ၃၀ လောက်ရှိတယ်၊ ဝင်လာပြီး ပြန်ထွက်သွားတယ်" လို့ ၎င်းကပြောပါတယ်။

ကယားပြည်နယ်အတွင်း စစ်ကောင်စီအုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသလို စစ်ကောင်စီဖက်ကနေ လက်နက်ကြီးများနဲ့ တင့်ကားတွေနဲ့သုံးပြီး ပစ်ခတ်နေတာကြောင့် ကျေးရွာရှိနေအိမ်အချို့ ပျက်ဆီးခဲ့ရပါတယ်။

ဒေသခံသောင်းကျော်လည်း အိုးအိမ်များကိုစွန့်ခွာကာ စစ်ဘေးရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...