လွိုင်ကော် - ဒီမော့ဆိုမြို့လမ်းမကြီးရှိ ဒေါပိုးစီကျေးရွာမှာ ယနေ့ မေလ ၂၅ ရက်နေ့ ညနေ ၄ နာရီကျော်မှာ စစ်ကောင်စီအုပ်စု အင်အား ၃၀ ခန့်က ဒေသခံတစ်ဦးကို နေအိမ်ခြံထဲထိဝင်ရောက်ပြီး ညှင်းပန်းနှိပ်စက်ရိုက်သတ်ခဲ့တယ်လို့ ကျေးရွာသားတစ်ဦးက ကန္တာရဝတီတိုင်း (မ်) ကို ပြောပါတယ်။
"အိမ်ထဲမှာနေတယ်ပြောတာပဲ၊ အိမ်ထဲဝင်လာပီးတော့ ရိုက်သတ်သွားတာ၊ အယောက် ၃၀ လောက်ရှိတယ်၊ ဝင်လာပြီး ပြန်ထွက်သွားတယ်" လို့ ၎င်းကပြောပါတယ်။
ကယားပြည်နယ်အတွင်း စစ်ကောင်စီအုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုများ ဆက်တိုက်ဖြစ်ပွားနေသလို စစ်ကောင်စီဖက်ကနေ လက်နက်ကြီးများနဲ့ တင့်ကားတွေနဲ့သုံးပြီး ပစ်ခတ်နေတာကြောင့် ကျေးရွာရှိနေအိမ်အချို့ ပျက်ဆီးခဲ့ရပါတယ်။
ဒေသခံသောင်းကျော်လည်း အိုးအိမ်များကိုစွန့်ခွာကာ စစ်ဘေးရှောင်စခန်းနဲ့ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရပါတယ်။







