သျှစ်သောင်းဘုရားပွဲ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ အိုးထိန်းဘောလုံးအသင်း ဗိုလ်စွဲ

သျှစ်သောင်းဘုရားပွဲ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲ အိုးထိန်းဘောလုံးအသင်း ဗိုလ်စွဲ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့၌ ကျင်းပ ပြုလုပ်ခဲ့သည့် သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ် ဘုရားများ ဗုဒ္ဓပူဇေနိယျပွဲတော်၏ ကျေးရွာပေါင်းစုံဘောလုံးပြိုင်ပွဲတွင် အိုးထိန်းကျေးရွာ ဘောလုံးအသင်းက ကလက ကျေးရွာ (က) အသင်းကို တစ်ဂိုး ဂိုးမရှိဖြင့် အနိုင်ရ ဗိုလ်စွဲသွားခဲ့သည်။

ဗိုလ်လုပွဲကို မေလ ၁၄ ရက်နေ့ နံနက်က မြောက်ဦးမြို့ ဘောလုံးကွင်းတွင် ကျင်းပရာ အိုးထိန်းကျေးရွာ အသင်းနှင့် ကလက (က) အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပွဲပြီးချိန်နီးမှ အိုးထိန်းအသင်းက တစ်ဂိုးရရှိသွားခဲ့သည်။

ဗိုလ်လုပွဲကို လူပေါင်း သောင်းချီ လာရောက်ကြည့်ရှုခဲ့ကြသည်။

ဒုတိယဆုကို ကလက(က)ကျေးရွာဘောလုံးအသင်း၊ တတိယဆုကို လက္ကာကျေးရွာဘောလုံးအသင်း၊ စတုတ္ထဆုကို လေညှင်းတောင်ကျေးရွာဘောလုံးအသင်းတို့့မှ အသီးသီးရရှိသွားကြသည်။

သျှစ်သောင်း၊ ထုက္ကန်၊ အံတော်သိမ် ဘုရားများ ဗုဒ္ဓပူဇေနိယျပွဲတော်၏ ကျေးရွာပေါင်းစုံ ဘောလုံးပြိုင်ပွဲတွင် ဘောလုံး အသင်း ၄ဝ ဝင်ရောက်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဧပြီလ ၂၅ ရက်နေ့မှ မေလ ၁၄ ရက်နေ့ထိ ရက်ပေါင်း (၂၀) ကျင်းပခဲ့သည်။

“ကျေးရွာတွေမှာ အားကစား သမားကောင်းတွေ ရှိပါတယ်။ ဒီလူငယ်တွေကို နောက်ဆိုလို့ရှိရင် မြို့နယ်၊ ခရိုင်အဆင့်တွေမှာပါ ပါ၀င်ကစားနိုင်တဲ့ အားကစား သမားတွေ ဖြစ်စေချင်တယ်။ အဲဒါကြောင့် ကျွန်တော် တို့က ဒီပွဲကနေ ထူးချွန်တဲ့ အားကစားသမားတွေကို ရွေးချယ်ပြီးတော့ ခရိုင်အထိ ပြိုင်ပွဲဝင် နိုင်အောင် ရည်ရွယ်ပြီး အခုလို ဘောလုံးပွဲကို ကျင်းပပေးရတာဖြစ်ပါတယ် ” ဟု ဘောလုံးပြိုင်ပွဲကျင်းပရေး ကောင်းမတီ ဦးမြစိန်အောင်က နိရဥ္စရာသို့ ပြောသည်။

ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်အနိုင်ရသည့် အသင်းများကို ချီးမြင့်သည့် ဆုကြေးငွေများမှာ ပထမဆုကြေး အဖြစ် ကျပ်(၁ဝ)သိန်း၊ ဒုတိယဆိုကြေးအဖြစ်(၆)သိန်းကျပ်၊ တတိယဆုကြေးအဖြစ်(၃)သိန်း ကျပ်၊ စတုတ္ထဆုကြေးအဖြစ်(၂) သိန်း ကျပ် တို့ကို အသီးသီးချီးမြင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်ကျင်းပသည့် သျှစ်သောင်းဘုရားပွဲတွင် ဘာသာရေး ပွဲအဖြစ် ပဌါန်းပွဲအပါဝင် အားကစားပြိုင်ပွဲများ အဖြစ် လှေပြိုင်ပွဲ၊ ကျင်ကိုင်ပွဲ၊ ဘောလုံးပြိုင်ပွဲတို့ကို ထည့်သွင်းကျင်းပခဲ့ကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...