ပေါက်တောတွင် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း လွတ်မြောက်ရေးလူပေါင်း ၁ ထောင်ခန့် ဆန္ဒဖော်ထုတ် တောင်းဆို

ပေါက်တောတွင် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း လွတ်မြောက်ရေးလူပေါင်း ၁ ထောင်ခန့် ဆန္ဒဖော်ထုတ် တောင်းဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့ တွင် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်းတို့လွတ်မြောက်ရန် ဆန္ဒ ထုတ်ဖော်ခဲ့ကြသည် ဟု ဆန္ဒထုတ်ဖော်ရာတွင် ဦးဆောင်သူ ဦးဇော်မင်းဦးက ပြောသည်။

“ ဆရာတော်ကို ပရဟိတ သမားတစ်ယောက်လို့ မြင်တယ်။ ဆရာတော်နဲ့ခိုင်နီမင်း ကို ၈ နှစ်မြောက် ရက္ခိုင့်တပ်မတော်နေ့မှာဘောလုံးပွဲ ကျင်းပတဲ့အတွက် ဖမ်းဆီးထားပါတယ်။ ဒါကြောင့် မြတန်ဆောင်း ကျောင်းမှာရှိတဲ့ ကျောင်းသားတွေ ဒုက္ခရောက်နေကြပါတယ်။ အဲဒီအတွက် ဆရာတော်နဲ့ ခိုင်နီမင်းတို့ကို ချက်ချင်းလွတ်ပေးစေလိုတဲ့ အတွက် ဆန္ဒဖော်ထုတ် တောင်းဆိုရတာ ဖြစ်ပါတယ်” ဟု ဦးဇော်မင်းဦးက နိရဥ္စရာ သို့ ပြောသည်။

ဆရာတော်နဲ့ ကိုခိုင်နီမင်းကို လွတ်ပေးရန် ဆန္ဒပြတောင်းဆိုမှုကြောင့် အစိုးရဘက်မှ လွတ်ပေးမည် ဟု ထင်မြင်မှုရှိသလား ဟု မေးမြန်းရာတွင် “ချက်ချင်းလွှတ်ပေးမည် ဟု လုံးဝမထင်မြင်ပါ။ သို့သော်လည်း အစိုးရ ကို ပြည်သူတွေရဲ့ ဆန္ဒသဘောထား ဘယ်လိုရှိတယ်ဆိုတာ မစ်ဆေ့ ပေးနိုင်တယ် လို့ ထင်မြင် ယူဆပါတယ်” ဟု ဆက်လက်၍ ပြောသည်။

အဆိုပါ ဆန္ဒပြပွဲကို မေလ ၁၄ ရက် နေ့လယ် ၁ နာရီမှ ၂ နာရီခွဲ သည် အထိ လမ်းလျှောက် ဆန္ဒပြခဲ့ကြခြင်း ဖြစ်ပြီး ကြွေးကြော်သံ(၆) ချက်ဖြင့် ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

ဆန္ဒပြရန် ပေါက်တောမြို့တွင်ရှိသည့် ဘဝန်းဘုန်းတော်ကြီးကျောင်းတွင် စုဝေးပြီး လောကထိပ်ပန်ဘုရား အထိ ချီတက် ဆန္ဒပြခဲ့ကြသည်။

ထို ဆန္ဒပြပွဲသည် အစိုးရမှ တရားဝင်ခွင့်ပြုချက်တင်ထားပြီး သံဃာတော်များနှင့် လူပုဂ္ဂိုလ် တစ်ထောင်ကျော်ခန့် ပါ၀င် ဆန္ဒပြခဲ့ကြသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...