စစ်ကောင်စီအုပ်စုမှ ပြည်သူများအား ကျည်အစစ်ဖြင့်ပစ်ခတ်ခြင်းကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများရှိ

စစ်ကောင်စီအုပ်စုမှ ပြည်သူများအား ကျည်အစစ်ဖြင့်ပစ်ခတ်ခြင်းကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူများရှိ

ဒီမော့ဆိုမြို့နယ်၊ ဒေါငံခါးလမ်းခွတွင် ဆိုင်ကယ်မောင်းနှင်လာသူ ပြည်သူနှစ်ဦးကို စစ်ကောင်စီအုပ်စုမှ ဆိုက်ကယ်ရပ်တန့်ရန်ပြောဆိုရာ မရပ်တန့်ပဲ မောင်းပြေးသည့်အတွက် သေနတ်ဖြင့်ပစ်ခတ်ရာ တစ်ဦးသေဆုံးသွားကြောင်းသိရသည်။

ထို့အပြင် ခရီးသွားကားယာဥ်မောင်းတစ်ဦးကိုလည်း စစ်ကောင်စီအုပ်စုမှ ပစ်ခတ်ခဲ့သည့်အတွက် လက်မောင်းတွင် သေနတ်ဒဏ်ရာရရှိခဲ့ကြောင်း၊  ဆေးကုသမှုများပြုလုပ်ခဲ့ရကြောင်း သိရသည်။

ယမန်နေ့ (မေ ၂၁) မနက် ၉ နာရီကျော်မှစ၍ စစ်ကောင်စီအုပ်စုနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ထိပ်တိုက်ပစ်ခတ်မှုများရှိခဲ့သော်လည်း လက်ရှိအချိန်ထိ နှစ်ဦးနှစ်ဖက်ထိခိုက်မှုကို အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ယခုထိပ်တိုက်ထိတွေ့ပစ်ခတ်မှုတွင် စစ်ကောင်စီဖက်မှ လက်နက်ကြီး၊ စနိုက်ပါများဖြင့် ပစ်ခတ်မှုရှိများရှိသည်ဟု ဒေသခံပြောကြားချက်အရ သိရပြီး နေ့လည် ၁၂ နာရီကျော်တွင် ပြန်လည်ပစ်ခတ်မှုများ ဖြစ်ပွားနေသည်။

ယင်းခတ်မှုအပြီး ဒီမော့ဆိုမြို့နယ်အတွင်းရှိ ရပ်ကွက်များတွင် စစ်ကောင်စီအုပ်စုမှ အင်အားအများအပြားဖြင့် စစ်ဆေးမှု၊ ရှာဖွေမှုများပြုလုပ်ခဲ့သလို နေအိမ်ထဲထိဝင်ရောက်ရှာဖွေမှုများကြောင့် ဒေါငံခါးရပ်ကွက်မှ ပြည်သူ ၄ ဦး ဖမ်းဆီးခံခဲ့ရသည်ဟု သတင်းရင်းမြစ်တစ်ဦးက အတည်ပြုပြောဆိုထားပါသည်။

ထို့အပြင် ယနေ့ မေလ ၂၂ ရက်နေ့ နံနက် ၆ နာရီဝန်းကျင်ခန့်တွင်လည်း စီးဘူးမှ ဒေါးတဝီဖက်သို့ပြန်လာသည့် ဒေသခံ (၃) ဦးကို စစ်ကောင်စီမှ ပစ်ခတ်ခဲ့ပြီး ၂ ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း သိရသည်။

"ဒီကနေ့နံနက် ပစ်တာတွေရှိတယ်၊ ဆိုင်ကယ်စီးသွားတဲ့လူနှစ်ယောက်ကို ဒီအတိုင်း ပစ်သတ်ပလိုက်တယ်။ ဒီနံနက် ၆ နာရီလောက်မှာ ဒေတဝီရွာမှာ ၂ ယောက်ကျသွားပြီ၊ တစ်ယောက်က ဒဏ်ရာရသွားတယ်၊ သူတို့နဲ့ဘာမှမဆိုင်ဘူး၊ သူတို့ဟာသူတို့ ရွာပြန်တာ" ဟု ပြည်သူတစ်ဦးထံမှ သိရသည်။

မြို့ပေါ်ရှိရပ်ကွက်များတွင်နေထိုင်သော ပြည်သူအချို့က ပစ်ခတ်မှုရန်များမှ ရှောင်ရှားရန်အတွက် ထွက်ပြေးတိမ်းရှောင်နေကြသည်ဟုလည်း သိရသည်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...