လွိုင်ကော်မြို့ပေါ်တွင် ညပိုင်းမှစ၍ ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရ

လွိုင်ကော်မြို့ပေါ်တွင် ညပိုင်းမှစ၍ ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရ

ကယားပြည်နယ်၊ လွိုင်ကော်မြို့ပေါ်တွင် ညပိုင်း ၇ နာရီကျော်အချိန်မှစ၍ ဗုံးပေါက်ကွဲသံများ ဆက်တိုက်ကြားနေရကြောင်း သတင်းရင်းမြစ်များ၏ ပြောကြားချက်အရ သိရသည်။

“ည ၇ ကျော် ၈ နာရီထိုးခါနီးမှာ ပေါက်ကွဲသံလိုကြားရတယ်၊ မြေကြီးတောင်တုန်တယ်၊ အ.ထ.က (၄) ကျောင်းနားမှာထင်တယ်၊ ကျောင်းပတ်ဝန်းကျင်တစ်ဝိုက်မှာလည်း စစ်ကောင်စီတွေရှိတယ်၊ ထွက်တော့မကြည့်ရဲဘူး” ဟု မိုင်းလုံးရပ်ကွက်တွင်နေထိုင်သူတစ်ဦးက ပေါက်ကွဲသံကြားရခြင်းနှင့်ပတ်သက်ပြီး ပြောဆိုပါသည်။

မြို့တွင်းနေထိုင်သူတစ်ဦးကလည်း ”ပထမကြားရတာကတစ်ချက် ပြီးမှ နှစ်ချက်ဆက်ပေါက်တာ” ဟု ၎င်းကြားသိရခြင်းကို ပြောပါသည်။

မြို့နယ်ခန်းမတစ်ဝိုက်၊ လွိုင်ကော်ရဲစခန်းရှေ့ စသည့်နေရာများတွင် ပေါက်ကွဲသံကြားရပြီး လူထိခိုက်မှုရှိ/မရှိကိုမူ အိမ်ပြင်မထွက်ရဲသည့်အတွက် မသိရှိရသေးကြောင်း မြို့နေလူထုထံမှ ကြားသိရသည်။

လက်ရှိတွင်လည်း ရပ်ကွက်အချို့ မီးပျက်နေပြီး လမ်းမကြီးတစ်လျှောက် ရပ်ကွက်များတွင် စစ်ကောင်စီအုပ်စုမှ လှည့်လည်သွားလာနေကြောင်း သိရသည်။

ယနေ့ မေလ ၂၁ ရက်နေ့ ဒီမော့ဆိုမြို့တွင် စစ်ကောင်စီအုပ်စုမှ ရပ်ကွက်တွင်း ပစ်ခတ်မှုများ ပြုလုပ်နေခြင်းကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) မှ ပြန်လည်ခုခံတိုက်ရာမှ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဖက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သော်လည်း PDF ဖက်မှ ကျဆုံးသူမရှိသေးပေ။

ဒီမော့ဆိုမြို့တွင်လည်း ညပိုင်းအချိန်ထိ စစ်ကောင်စီဖက်မှ လက်နက်များဖြင့်ပစ်ခတ်နေပြီး လှည့်လှည်သွားနေသည်ဟု ကြားသိရပါသည်။

ထို့အပြင် စစ်ကောင်စီအုပ်စုမှ မြို့နယ်အလိုက် စစ်အင်အားဖြည့်တင်းရန်အတွက် စစ်ကူများပို့နေသည်ဟု ဒေသခံပြောကြားချက်အရ သိရပါသည်။

April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...
အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ်
April 24, 2026
ကရင်နီပြည်နယ်တပ်ပေါ်ပေါက်ရေးအတွက် မိုးဗြဲနယ်မှာ တော်လှန်ရေးတပ်တွေ စုပေါင်းပါ၀င်တဲ့ အမှတ် ၁...
ဓါတ်ပုံ - ကန္တာရဝတီတိုင်း ( မ် )
April 23, 2026
ကရင်နီပြည် ၊ ဒီးမော့ဆိုမြို့နယ်အရှေ့ဘက်ခြမ်း ကျေးရွာတရွာမှာ ( ၅ ) ကြိမ်မြောက် ကန္တာရဝတီနယ်...
April 22, 2026
ထိုင်း-ကရင်နီနယ်စပ်၊ မယ်ဟောင်ဆောင်ခရိုင်မှာ နေထိုင်ကြတဲ့ ကရင်နီဒုက္ခသည်တွေက...