ကံ့ကော်မြိုင်မှ ၉ ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသမီး အလောင်း မြစ်ထဲတွင်တွေ့သည်ဟုဆို၍ ရွာသားများ လိုက်ရှာ

ကံ့ကော်မြိုင်မှ ၉ ရက်ကြာပျောက်ဆုံးနေသည့် အမျိုးသမီး အလောင်း မြစ်ထဲတွင်တွေ့သည်ဟုဆို၍ ရွာသားများ လိုက်ရှာ
by -
နိရဥ္စရာ
၉ ရက်ကြာ ပျောက်ဆုံးနေသည့် ကံ့ကော်မြိုင် နတလ ကျေးရွာမှ အမျိုးသမီးတစ်ဦး၏ အလောင်းအား မြစ်ထဲတွင် တွေ့သည်ဟု သတင်းရသဖြင့် ရွာသားများက လိုက်ရှာနေကြသည်ဟု သတင်းရသည်။

ပျောက်ဆုံးနေသည့် အမျိုးသမီးမှာ ဒေါ်မပုစိန် (၅၀) နှစ် ဖြစ်ပြီး ဘူးသီးတောင်မြို့နယ် ညောင်ချောင်း အနီးတွင် တည်ရှိသော ကံ့ကော်မြိုင် နတလ ကျေးရွာမှ ဖြစ်သည်။

njr1302

“ ပျောက်နေတာက ၉ ရက်လောက်ရှိပါပြီ။ သူက စိတ်မနှံ့ဘူး။ နေ့ရော ညရော စိတ်ပေါက်ရင် လျှောက်သွားနေတတ်တယ်။ ပျောက်သွားတဲ့ အစပိုင်းမှာတော့ မိသားစုတွေက လိုက်ရှာကြပါတယ်။ နောက်ပိုင်းကျ မရှာကြာတော့ဘူး။ အခု သတင်းရတာက အမျိုးသမီး အလောင်းတစ်လောင်း နောက်ပြန်ကြိုးတုတ်ပြီး ညောင်ချောင်းကျေးရွာအနီးက မြစ်ကမ်းစပ်မှာတွေ့တယ်ဆိုလို့ လိုက်ရှာနေကြပါတယ်” ဟု အလောင်းအားလိုက်ရှာရာတွင် ပါ၀င်သူ ရွာသား တစ်ဦးက နိရဥ္စရာ သတင်းဌာနသို့ ဖုန်းဆက် ပြောဆိုသည်။

သို့သော်လည်း ယနေ့နံနက်ပိုင်း ၈ နာရီ အချိန်ထိ အလောင်းကို ရှာဖွေ၍ မတွေ့သေးဟု သိရသည်။

အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး ညောင်ချောင်းနယ်ခြားစောင့် စခန်းသို့ ယနေ့နံနက်က ဆက်သွယ်မေးမြန်းရာ ၎င်း လူပျောက်သတင်းအား စခန်းတွင် တိုင်ကြားခြင်း မရှိကြောင်း၊ သို့အတွက် သူတို့အနေဖြင့် အဆိုပါကိစ္စအား တစ်စုံတစ်ရာ မသိရှိသေးကြောင်း တာဝန်ရှိသူ တစ်ဦးမှ ပြန်လည် ဖြေကြားသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...