ဒီမော့ဆိုမြို့နှင့် ၆ မိုင်စံပြကျေးရွာများတွင် ဒေသခံများနှင့် လူငယ်များအား စစ်ကောင်စီမှ ဖမ်းဆီး

ဒီမော့ဆိုမြို့နှင့် ၆ မိုင်စံပြကျေးရွာများတွင် ဒေသခံများနှင့် လူငယ်များအား စစ်ကောင်စီမှ ဖမ်းဆီး

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ မားနာပလော့ရပ်ရွက်ရှိ အသုဘအိမ်တွင် လုပ်အားပေးဆောင်ရွက်နေသော ဒေသခံ (၈) ဦးနှင့် ၆ မိုင်စံပြကျေးရွာ၊ ကယောပိုင်းတွင်နေထိုင်သည့် လူငယ် (၅) ဦးကို စစ်ကောင်စီအုပ်စုမှ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ဒေသခံပြောကြားချက်အရသိရပါတယ်။

မားနာပလော့ရပ်ရွက်ရှိ အသုဘအိမ်တွင် လုပ်အားပေးဆောင်ရွက်နေသည့် ဒေသခံ ၈ ဦးကို ယနေ့နံနက် ၁၀ နာရီအချိန်ခန့်တွင် စစ်ကောင်စီမှ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခြင်းဖြစ်သည်။

“မားနာပလော့ရပ်ကွက်က နာရေးရှိတော့ ရပ်ကွက်နေပြည်သူတွေ သွားကူနေတာ၊ သေနတ်သံကြားလို့ ဧည့်သည်တွေပြန်ကုန်ပြီး ရွာခံပဲကျန်တဲ့ချိန် အဖမ်းခံရတာ” ဟု ဒေသခံတစ်ဦးက ကန္တာရဝတီတိုင်း(မ်) ကို အတည်ပြုပြောကြားသည်။

ယနေ့မနက် (မေလ ၂၀ ရက်) ၈ နာရီ ၁၃ မိနစ်ဝန်းကျင်အချိန်တွင်လည်း ဒီးမော့ဆိုမြို့ရှိ ဒေါငံခါးလမ်းခွတွင် စစ်ကောင်စီတပ်ဖွဲ့များက သေနတ် ၁၅ ချက်ခန့် ပစ်ဖောက်ခဲ့သေးသည်။

ယခု ဖမ်းဆီးခံရသူ ၈ ဦးကို အချုပ်ကားဖြင့် ခေါ်ဆောင်သွားသော်လည်း မည်သည့်နေရာသို့ခေါ်ဆောင်သွားခြင်းကိုမူ ယခုတိုင် မသိရသေးကြောင်း ဒေသခံများကပြောသည်။

ထို့အပြင် ညနေပိုင်း ၃ နာရီဝန်းကျင်ခန့်တွင်လည်း ဒီးမော့ဆိုမြို့နယ်၊ ၆ မိုင်စံပြကျေးရွာ၊ ကယောပိုင်းတွင်နေထိုင်သည့် လူငယ် ၅ ဦးကို စစ်ကောင်စီအုပ်စုမှ ဆက်လက်ဖမ်းဆီးခဲ့သည်။

"အိမ်ထဲမှာ တံခါးပိတ်ပြီးနေနေတာ၊ စစ်တပ်က လာပြီးတော့ တံခါးတွေကန်ဖွင့်ပြီးတော့ ဝင်ဖမ်းသွားတာ၊ ဖမ်းသွားတဲ့သူတွေက သပိတ်ထဲက ခေါင်းဆောင်ပိုင်းတစ်ယောက်ပါတယ်၊ ကျန်တာတော့ ရွာသားတွေပဲ ထင်တယ်" ဟု ဒေသခံတစ်ဦး၏ ပြောကြားချက်အရ သိရသည်။

စစ်ကား ၅ စီးခန့်နှင့် ရဲ၊ စစ်သား အင်အား ၁၀၀ ကျော်ခန့်က ရွာအတွင်းလှည့်လှည်ကာ နေအိမ်ခြံတံခါးများရိုက်ဖျက်ပြီး ဝင်ရောက်ဖမ်းဆီးခဲ့ပြီး တစ်စုံတစ်ရာပစ်ခတ်မှုများ မလုပ်ဆောင်ခဲ့ကြောင်း သိရသည်။

လက်ရှိ ၆ မိုင်စံပြ အ.ထ.က ကျောင်းတွင်လည်း စစ်ကောင်စီမှ တပ်စွဲထားကြောင်း မျက်မြင်တွေ့ရှိသူတစ်ဦ်းက ပြောပါသည်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...