မင်းပြားတွင် အမျိုးသမီးတစ်ဦးအား မဖွယ်မရာ ပြုကျင့်ရန် ကြံစည် ကြိုးပမ်းသူတစ်ဦး ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခံရ

မင်းပြားတွင် အမျိုးသမီးတစ်ဦးအား မဖွယ်မရာ ပြုကျင့်ရန် ကြံစည် ကြိုးပမ်းသူတစ်ဦး ပုဒ်မ ၃ ခုဖြင့် အမှုဖွင့်ခံရ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မင်းပြားမြို့နယ် သင်္ဂဇာကျေးရွာမှ အမျိုးသမီးတစ်ဦးအား အဓမ္မပြုကျင့်ရန် ကြံစည် ကြိုးပမ်းသူ တစ်ဦးအား ပုဒ်မ ၃ ခုဖြင့် မင်းပြားမြို့မ ရဲစခန်းတွင် ယနေ့ (မေ ၁၃) အမှုဖွင့်လိုက်သည်ဟု သိရသည်။

“ ဟုတ်ပါတယ်။ ဘင်္ဂလီ လူမျိုး၊ သူ့နာမည် မတာရှိန်း(၂၅)နှစ် (ဘ) မတာလီ တန်းဆိပ်ကျေးရွာက ဖြစ်ပါတယ်။ သင်္ဂဇာကျေးရွာမှ အသက် ၄၅ နှစ် အရွယ်ရှိတဲ့ ဒေါ်စံသာကို မဖွယ်မရာ ပြုကျင့်ဖို့ ကြံစည်ကြိုးပမ်းမှုနဲ့ ဒီကနေ့မှာ ပုဒ်မ ၃ ခုနဲ့ မင်းပြားရဲစခန်းမှာ အမှုဖွင့်လိုက်ပါတယ်” ဟု မင်းပြားရဲစခန်းမှ ရဲတပ်ကြပ်ကြီး ကျော်ဇံဝေက ပြောသည်။

မတာရှိန်းအား စွဲဆိုသော အမှု ၃ ခုမှာ ပုဒ်မ ၃၅၄ (ကာဣန္ဒြေပျက်ရန်ကြံစည်မှု)၊ ပုဒ်မ ၃၂၃ (ကိုယ်ထိလက်ရောက် စော်ကားမှု)၊ ပုဒ်မ ၄၂၇ ( အကျိုးဖျက်ဆီးမှု) တို့ ဖြစ်ကြောင်း ရဲတပ်ကြပ်ကြီး က ပြောဆိုသည်။

ဒေါ်စံသာ ( ၄၅) နှစ် ( ဘ)ဦးကျော်စိန် ( မိ) ဒေါ်အိမ်သာဖြူသည် မေလ ၉ ရက်နေ့ နံနက် ၅ နာရီခန့်တွင် ကြက်မကျေ ကျေးရွာသို့ ဟင်းသီးဟင်းရွက် ရောင်းရန်အသွား ကြက်မကျေဆင်းလမ်း၌ တန်းဆိပ်ကျေးရွာမှ မတာရှိန်းသည် သူမအား ပါးစပ်ပိတ်၍ မဖွယ်မရာ ပြုလုပ်ရန် ကြံစည်ကြိုးစားခဲ့ကြောင်း၊ လက်ဖြင့် အတင်း ညှစ်သတ်ကာ အဓမ္မပြုကျင့်ရန် ကြံစဉ်နေစဉ် ကြက်မကျေကျေးရွာမှ နှစ်ဘီးဆိုင်ကယ်မောင်းနှင်လာသူ မောင်သန်းဌေး၏ ဆိုင်ကယ်မီးကြောင့် မတာရှိန်း မှာ ထွက်ပြေးလွတ်မြောက်သွားခဲ့ကြောင်း ရဲတပ်ကြပ်ကြီးမှ အမူဖြစ်စဉ်နှင့် ပတ်သက်ပြီး နိရဥ္စရာ သတင်းဌာနသို့ ပြောကြားသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားပြီးနောက် ဒေါ်စံသာမှ အနီးအနားရှိ သံရှင် ရဲစခန်းသို့ အဆိုပါ အမှုကို တိုင်ကြားခဲ့သည်။

“ သံရှင်ရဲစခန်းက အမှုမဖွင့်ဘဲ ပြေလည်အောင် ဖြေရှင်ပေးမယ်ဆိုပြီး လုပ်ပါတယ်။ ငွေကြေးပေးပြီးတော့ ဖြေရှင်းပေးဖို့လုပ်တယ်လို့ ဒေါ်စံသာက ပြောပါတယ်။ ဒီလို ဖြေရှင်းပေးမယ်ဆိုတာ လက်မခံတဲ့ အတွက် ဒီကနေ့ မေလ ၁၃ ရက်နေ့မှာ မင်းပြားမြို့မရဲစခန်းမှာ လာရောက် အမှုဖွင့်တာ ဖြစ်ပါတယ်” ဟု သူမ၏ အမှုအားလိုက်ပါ ဆောင်ရွက်ပေးနေသူ ဦးသိန်းဇံက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ရဲတပ်ကြပ်ကြီး ကျော်ဇံဝေကလဲ “ ကျွန်တော်တို့ က ၉ ရက်နေ့က ဖြစ်တာကို ဒီနေ့မှ ဘာကြောင့် အမှုလာဖွင့်ရသလဲလို့ မေးတော့ သံရှင်ရဲစခန်းကနေ ဖြေရှင်းပေးမယ်ဆိုတဲ့ အတွက်စောင့်နေရာမှာ ငွေနဲ့ဖြေရှင်းတာကို လက်မခံနိုင်တဲ့ အတွက် ဒီကနေ့မှ မင်းပြားစခန်းမှာ လာရောက် အမှုဖွင့်တာလို့ ပြောဆိုပါတယ်။ ဒေါ်စံသာကို မင်းပြားမြို့နယ် ဆေးရုံကို စေလွတ်ပြီး ဆေးစာယူခိုင်းပါတယ်။ ဆေးရုံက ဆေးတစ်လုံးထိုးပြီး ပြင်ပ လူနာ အနေနဲ့ကုသနေပါတယ်။ ဆေးစာလည်း ရပါပြီ” ဟု ပြောသည်။

မေလ ၁၄ ရက်နေ့တွင် သံရှင်ရဲစခန်းမှူးအား အမှုကို လွဲပြောင်းပေးရန် မင်းပြားသို့ ခေါ်ယူထားပြီး အမှုကို စစ်ဆေး အရေးယူနိုင်ရန် အမှုတွဲကို လွဲပြောင်း ပေးသွားမည်ဟု ဆိုသည်။

ပြစ်မှုကျူးလွန်သူ မတာရှိန်းအား ယခုအချိန်ထိ မဖမ်းဆီးရသေးကြောင်း၊ အမှုဖွင့်ပြီးနောက် ဖမ်းဆီးမှုကို လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ရဲတပ်ကြပ်ကြီး ကျော်ဇံဝေက ပြောကြားသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...