ကျောက်တော်မြိ်ု့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ် ၁ လုံးနှင့် ဆန်စက် ၁ စက်ပြိုပျက်

ကျောက်တော်မြိ်ု့နယ်တွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ် ၁ လုံးနှင့် ဆန်စက် ၁ စက်ပြိုပျက်
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြိ်ု့နယ် ကျားနင်းကန်ကျေးရွာတွင် လေဆင်နှာမောင်းတိုက်ခတ်၍ နေအိမ် ၁ လုံးနှင့် ဆန်စက် ၁ စက်ပြိုပျက်သွားခဲ့သည်ဟု ဒေသခံများထံမှ သိရသည်။

njr1301လေဆင်နှာမောင်းမှာ မေလ ၁၂ ရက်နေ့ ညနေ ၅ နာရီအချိန်တွင် ဝင်ရောက်တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီး ထိုသို့တိုက်ခတ်မှုကြောင့် ဒေါ်မလှသိန်းပိုင် သွပ်မိုး၊ ဝါးထရံကာနေအိမ် ၁ လုံးနှင့် ဦးကျော်ယဉ်ဌေး ပိုင်ဆိုင်သည့် ဆန်စက်ရုံ ၁ ရုံ ၏ ခေါင်းမိုးများ ပြိုပျက်သွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

"လေက အရမ်းပြင်းတော့ ရွာအပြင်နားက ကျနော့်အဒေါ်ရဲ့ အိမ်ခေါင်မိုးတွေပွင့်ထွက်သွားပြီး သွပ်ပြား ၂ဝ လောက်ပျက်စီးသွားတယ်။ "ဟု ဒေသခံ ဦးသိန်းထွန်းဝင်းက နိရဥ္စရာသို့ပြောသည်။

လက်ရှိတွင် ပြိုပျက်သွားသည့်နေအိမ်ကို ရွာသူ၊ ရွာသားများ၏အကူအညီဖြင့် ပြန်လည် မွမ်းမံပြင်ဆင်နေကြသည်ဟုလည်း သိရသည်။

"အိမ်ကိုတော့ ကိုယ်ထူကိုယ်ထနဲ့ ရွာကလူတွေ ဝိုင်းဝန်းပံ့ပိုးပေးထားပါတယ်။ ဆန်စက်ကိုတော့ ပိုင်ရှင်က သူ့ဟာနဲ့သူ ပြန်ပြင်နေတယ်"ဟု ဦးသိန်းထွန်းဝင်းက ဆက်ပြောသည်။

အဆိုပါဖြစ်စဉ်နှင့်ပတ်သက်ပြီး ယနေ့နံနက်ပိုင်းက သက်ဆိုင်ရာလူကြီးတချို့လာရောက်ကြည့်ရှုကာ ဓာတ်ပုံများရိုက်ယူသွားသော်လည်း တစ်စုံတရာ ထောက်ပံ့ကူညီပေးခြင်းမရှိခဲ့ဟုလည်း ကျေးရွာသားများက ပြောသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...