ကိုးတန်ကောက်နယ်ခြားစောင့်စခန်းအပိုင် ဆူရာခါလီကျေးရွာတွင် ရုတ်ရုတ်သဲသဲဖြစ်

ကိုးတန်ကောက်နယ်ခြားစောင့်စခန်းအပိုင် ဆူရာခါလီကျေးရွာတွင် ရုတ်ရုတ်သဲသဲဖြစ်
by -
နိရဥ္စရာ
မောင်တောမြို့နယ် တောင်ပိုင်း ကိုးတန်ကောက် နယ်ခြားစောင့် စခန်းအပိုင် ဆူရာခါလီ ဘင်္ဂလီကျေးရွာသို့ ဓါးပြခေါင်းဆောင် အဒူလာကိန်း ၀င်ရောက် လာသည်ဆိုသော သတင်းကြောင့် ကျေးရွာသားများမှ တုတ်ဓါးများကို ကိုင်ဆောင်ပြီး ဖမ်းဆီးရန် ကြိုးပမ်းရာမှ ကျေးရွာအတွင်း ရုတ်ရုတ်သဲသဲဖြစ်ပွားခဲ့ကြောင်း သတင်း ရရှိသည်။

၎င်းဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် ကိုးတန်ကောက်စခန်းကို အဒူလာကိန်း အဖွဲ့မှ စီးနင်းသွားခဲ့ပြီး ဖမ်းဆီးခံရသူ သူ၏ အစ်ကိုဖြစ်သူ အဒူုရာကို ယူဆောင်သွားခဲ့ကြောင်း ကောလဟလ သတင်းများ လူမူကွန်ယက် စာမျက်နာများတွင် ပြန့်နှံ့လာခဲ့သည်။

“ ကိုးတန်ကောင်စခန်းမှာ ဘာမှ မဖြစ်ပါဘူး။ အခုဘဲ ကျွန်တော်တို စခန်းရှေ့မှာ ဖျာခင်းပြီး ငရုတ်သီး လှမ်းနေပါတယ်။ အေးအေးဆေးဆေးပါ။ မနေ့ညနေက ဆူရာခါလီမှာတော့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တာတော့ ရှိပါတယ်” ဟု ကိုးတန်ကောက်ကျေးရွာမှ ရခိုင်အမျိုးသားတစ်ဦးက ပြောသည်။

ဖြစ်စဉ်နှင့် ပတ်သက်ပြီး သိရသည်မှာ မေလ ၈ ရက်နေ့ ညဥ့် အချိန်က ဓါးပြ ခေါင်းဆောင် အဒူလာကိန်းနှင့် သူ၏ အစ်ကို အဒူရာတို့သည် ဓါးပြတိုက်ရန် မောင်တောမြို့နယ် တောင်ပိုင်း ဆူရာခါလီ ကျေးရွာသို့ ၀င်ရောက်လာစဉ် ကျေးရွာသားများမှ ကင်းပုန်းဝပ်ပြီး ပြန်လည် တိုက်ခိုက် ဖမ်းဆီးစဉ် အဒူလာကိန်း၏ အစ်ကို အဒူရာအား လုပ်သေနတ် တစ်လက်ဖြင့် ဖမ်းမိပြီး နယ်ခြားစောင့်တပ်ကို အပ်နှံခဲ့ကြောင်း၊ ယင်းနောက်ပိုင်း ဓါးပြခေါင်းဆောင် အဒူလာကိန်းမှ သူအစ်ကိုအား ဖမ်းဆီး အပ်နှံရမည်လားဟုဆိုကာ သဝင်ချောင်း၊ ဂွဆုံ၊ ဆူရာခါလီစသည့် ကျေးရွာများမှ ရွာသားများကို သတ်ပစ်မည်ဟု ခြိမ်းခြောက်ထားကြောင်း၊ ထိုသို့ ခြိမ်းခြောက်ထားသဖြင့် ဘင်္ဂလီကျေးရွာသားများမှာ အထူးကြောက်လန့်နေကြကြောင်း၊ ယမန်နေ့ မေလ ၁၂ ရက်နေ့ ညဥ့်အချိန် အဒူလာကိန်း ဆူရာခါလီရွာထဲသို့ဝင်ရောက်လာသည်ဟု သတင်းထွက်ပေါ်လာပြီး ကျေးရွာအတွင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားပြီး ရွာသားများက လူစုကာ တုတ်ဓားများကိုင်ပြီး အဒူလာကိန်းအား ရှာဖွေခဲ့ကြကြောင်း၊ သို့အတွက် ၎င်းကျေးရွာအတွင်း ဆူဆူညံညံဖြင့် မတည်ငြိမ်မှု ဖြစ်သွားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ ကိုးတန်ကောက်စခန်းတွင် ပြသနာ တစ်စုံတစ်ရာ ဖြစ်ပွားခဲ့ခြင်း မရှိကြောင်း သူက ဆက်လက် ရှင်းပြ ပြောဆိုသည်။

“ အခု ဖြစ်နေတာက အဒူလာကိန်းက သူအစ်ကို အဖမ်းခံရတဲ့ အတွက် ဆူရာခါလီ၊ သဝင်ချောင်းရွာတွေကို ခြိမ်းခြောက်ထားတယ်။ တွေ့တဲ့ နေရာမှာ သတ်ပစ်မယ်ဆိုပြီး ကြေညာထားပါတယ်။ ဒါကြောင့် ဘင်္ဂလီတွေ အထူးကြောက်လန့်နေကြပါတယ်” ဟု သူက ဆက်ပြောသည်။

အဒူလာကိန်းသည် မောင်တောမြို့နယ် တောင်ပိုင်းရှိ ဘင်္ဂလီကျေးရွာများတွင် ဓါးပြတိုက်၊ လူသတ်မှုများကို မကြာခဏ ကျူးလွန်နေသူ ဖြစ်ပြီး အဓိက အားဖြင့် အစိုးရနှင့် ပူးပေါင်းစီးပွားရေး လုပ်ကိုင်နေသူ ဘင်္ဂလီစီးပွားရေး သမားများကို အဓိက ပစ်မှတ်ထား လိုက်လံရှင်းလင်း သတ်ဖြတ်လေ့ရှိသည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...