မြတန်ဆောင်းမှ ကျောင်းသူတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်သူများကို အရေးယူရန် တိုင်ကြားသော်လည်း ရဲက မျက်ကွယ်ပြုဟုဆို

မြတန်ဆောင်းမှ ကျောင်းသူတစ်ဦးအား ကိုယ်ထိလက်ရောက်ကျူးလွန်သူများကို အရေးယူရန် တိုင်ကြားသော်လည်း ရဲက မျက်ကွယ်ပြုဟုဆို
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် မြောက်ဦးမြို့ ဆင်ချဆိပ် ရက်ကွက်ရှိ မြတန်ဆောင်းဘုန်းတော်ကြီးသင်ကျောင်းတွင် ပညာသင်ယူနေသော ကျောင်းသူတစ်ဦးအား အသက် ၂၀ ကျော် လူငယ် ၃ ဦးက ကိုယ်ထိ လက်ရောက် ကျူးလွန်ရန် ကြံစည်မှုတစ်ခုဖြစ်ပွားခဲ့သော်လည်း ၎င်းလူငယ် ၃ဦးအား အရေးယူရန် ရဲက မျက်ကွယ်ပြုခဲ့သည်ဟု လက်ရှိ ယာယီကျောင်းထိုင်နေသည့် ဆရာတော်က နိရဥ္စရာသို့ မိန့်ကြားသည်။

“ဒီဖြစ်စဉ်ကဟုတ်ပါတယ်။ ကျောင်းသူ/သားတွေရဲ့ လေ့လာရေးခရီးစဉ်ရန်ပုံငွေအတွက် ကျောင်းသူလေးတွေက သျှစ်သောင်းဘုရားပွဲမှာ စျေးရောင်းပြီးပြန်လာတဲ့အခါ လယ်ကွင်းမှာ ကလေးမလေးတွေကို ဆွဲလားရမ်းလားလုပ်တာပါ။ ဒါကို ရဲကို တိုင်ကြားပေမယ့် အခုအချိန်ထိ အရေးမယူဘူး။ မျက်ကွယ်ပြုထားပါတယ်” ဟု ယာယီကျောင်းထိုင်နေသည့် ဆရာတော် ဦးသဘာဝနဒီက မိန့်ကြားသည်။

ပြစ်မှုကျူးလွန်သူများမှာ အသက် ၂ဝ ကျော်အရွယ် လူငယ် ၃ ဦးတို့ဖြစ်ပြီး အခင်းဖြစ်ပွားသည့် ည ၁၁ နာရီကျော်အချိန်တွင် လူအုပ်က ဝိုင်းဖမ်းမှုကြောင့် ကျူးလွန်သည့်လူငယ် ၃ ဦးအနက် အောင်မင်္ဂလာ ရပ်ကွက်နေ လူငယ် ၁ ဦးကို ဖမ်းမိခဲ့သည်ဟုဆိုသည်။

“ဖမ်းမိတဲ့သူကို ပေးဖို့အတွက် ရဲစခန်းကိုဖုန်းဆက်တော့ ဆက်မရဘူး။ ဒါနဲ့ သျှစ်သောင်းဘုရားပွဲက လုံခြံုရေးရဲဆီမှာ အပ်လိုက်တယ်။ အခုချိန်ထိ အရေးမယူသေးဘူး”ဟု ဦးသဘာဝနဒီက ဆက်လက် မိန့်ကြားသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး မြောက်ဦးမြို့မရဲစခန်းအားဆက်သွယ်ရာ “ဒီကိစ္စကို လာအပ်တာလည်း မရှိဘူး၊ အမှုလာဖွင့်တာလည်း မရှိဘူး”ဟု ဆိုသည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး ကျူးလွန်သူအမည်များကို နိရဥ္စရာက ဆက်သွယ်စုံစမ်း၍ မရခဲ့ပါ။

မြတန်ဆောင်းဘုန်းတော်ကြီးသင်ပညာရေးကျောင်းတွင် မူလတန်းနှင့် အထက်တန်းအထိ ကျောင်းသူ/သား ၂၁ဝ ကျော်ရှိသည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...