KSCC မှ CDM ဝန်ထမ်းများအား ပံ့ပိုးနိုင်ရန် ကြိုးစားနေ

KSCC မှ CDM ဝန်ထမ်းများအား ပံ့ပိုးနိုင်ရန် ကြိုးစားနေ

ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) အနေဖြင့် စစ်အာဏာကိုဆန့်ကျင်သော လှုပ်ရှားမှုတစ်ခုဖြစ်သည့် အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင်ပါဝင်ကြသည့် ဝန်ထမ်းများကို အကူအညီပေးနိုင်ရေးအတွက် ကြိုးစားဆောင်ရွက်သွားမှာဖြစ်သည်ဟု ဆိုသည်။

”KSCC အနေနဲ့လည်း ကျနောတို့ CDM ကိစ္စတွေ သပိတ်ကိစ္စတွေ နောက် လူမှုကယ်ဆယ်ရေးကိစ္စတွေ ကျနောတို့ ပေါလစီရေးဆွဲပြီးတော့ ချမှတ်ထားတာတွေ လုပ်နေပြီပေါ့။ လုပ်ပြီးမှ ကျနောတို့ အခု အပေါ်က NUG အစိုးရကလည်း ဒါတွေကို အားကောင်းစေရေး အကူအညီ အထောက်အပံ့ရစေရေး ကျနောတို့ ပြည်နယ်အလိုက် ချိတ်ဆက်ပြီးတော့ သူတို့အခု စပြီးတော့မှ တတ်နိုင်သလောက် ကျနောတို့ လုပ်နေတာတွေရှိတယ်“ ဟုဆိုသည်။

စစ်အာဏာရှင်စနစ် ပြုတ်ကျရေးအတွက် အဓိကအခန်းကဏ္ဍတစ်ရပ်အဖြစ်ပါဝင်သော CDM လှုပ်ရှားမှုကို ထောက်ခံပြီး ပံ့ပိုးကူညီမှုများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ NUG အစိုးရနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း KSCC က ပြောပါသည်။

စစ်ကောင်စီက CDM မှာပါဝင်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကို ဖိအားပေးခြိမ်းခြောက်မှုများ၊ အလုပ်မှ ရပ်နားခြင်းများ၊ ထုတ်ပယ်ခြင်းများ အစရှိသည်တို့ကြောင့် CDM လုပ်သူများအတွက် အခက်အခဲကြုံတွေ့နေကြရကြောင်း လုံခြုံရေးအရ အမည်မဖော်လိုသည့်သူတစ်ဦးမှ ယခုကဲ့သို့ပြောပါသည်။

“လစာမရပါဘူး။ လစာမရတေ့ာ စားဖို့သောက်ဖို့ကတော့ စုထားဆောင်းထားတာထဲကနေ ချွေတာ စားနေပါတယ်။ နေရေးကတော့ ဝန်ထမ်းအိမ်ယာမှာမနေပဲနဲ့ ဒီလိုပဲ အမျိုးတွေဆီမှာ နည်းနည်းပေါ့ ဟိုဘက်အမျိုးအိမ်မှာ တခါနေလိုက် ဒီဘက်အမျိုးအိမ်မှာတခါနေလိုက် အဲလိုပဲနေပါတယ်” ဟုဆိုသည်။

စစ်တပ်မှအာဏာသိမ်းပြီး ရက်ပေါင်းတစ်ရာကျော်ကြာ စစ်ကောင်စီလက်အောက်တွင် ဆက်ပြီးအလုပ်မလုပ်ပဲ ဌာနဆိုင်ရာအသီးသီးမှ ဝန်ထမ်းတချို့က စစ်အာဏာရှင်ပြုတ်ကျရေးအတွက် CDM လုပ်လာကြခြင်းဖြစ်သည်။

CDM လုပ်ခြင်းကြောင့် အလုပ်မှထုတ်ပယ်ခံရသည့် ဝန်ထမ်းများအနေ‌ဖြင့်လည်း အခက်အခဲများ ရင်ဆိုင်ကြုံတွေ့ရလျက်ရှိသည်။

CDM လုပ်ခြင်းကြောင့် အလုပ်မှထုတ်ခံလိုက်ရသည့် ကယားပြည်နယ် လမ်းဦးစီးဌာနမှ ဝန်ထမ်းတစ်ဦးက ”ကျမကတော့ အဆုံးထိလုပ်မှာပါ၊ နောက်ပြန်လှည့်စရာအကြောင်းမရှိပါဘူး။ ကျမတို့ကတော့ မနိုင်မချင်း CDM လုပ်မှာပါ“ ဟု CDM ကို အဆုံးထိတိုက်သွားမည့် ၎င်း၏ဆုံးဖြတ်ကို ပြောပြပါသည်။

ပြည်နယ်အတွင်း စစ်အာဏာရှင်ကိုတွန်းလှန်နေသည့် CDM ဝန်ထမ်းများ၏ အခက်အခဲများကို စနစ်တကျဖြေရှင်းရန် KSCC က သက်ဆိုင်ရာအဖွဲ့အစည်းအသီးသီးတွေနဲ့ တိုင်ပင်ဆွေးနွေးပြီး အစီအစဉ်ရေးဆွဲနေကြပြီလို့ သိရပါသည်။

KSCC အနေဖြင့် ပြည်ထောင်စုအဆင့်ဖွဲ့စည်းထားသော အမျိုးသားညီညွှတ်ရေးကောင်စီ NUCC၊ အမျိုးသားညီညွှတ်ရေးအစိုးရ NUG တို့နှင့်အတူ အနာဂတ် ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ပြန်ထားတာလည်းရှိပါသည်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...