စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နာနတ်တောသပိတ် ဖြိုခွင်းခံရအပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၁၃ ဦး ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ်ဆန့်ကျင်တဲ့ နာနတ်တောသပိတ် ဖြိုခွင်းခံရအပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးတစ်ဦးအပါအဝင် ၁၃ ဦး ဖမ်းဆီးခံရ

စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း ကန့်ကွက်ဆန္ဒထုတ်ဖော်သည့် လွိုင်ကော်မြို့၊ နာနတ်တောရပ်ကွက်သပိတ်အား ယမန်နေ့ မေလ ၁၂ ရက်နေ့ ညနေပိုင်းတွင် စစ်တပ်နှင့်ရဲ အင်အားအများအပြားက လာရောက်ဖြိုခွင်းခဲ့ပြီး ဆန္ဒပြရာတွင်ပါဝင်ခဲ့တဲ့သည့် အသက် ၁၃ နှစ်အရွယ်မိန်းကလေးအပါအဝင် စုစုပေါင်း ၁၃ ဦး ဖမ်းဆီးခံလိုက်ရသည်ဟု သပိတ်ကော်မတီဝင်တစ်ဦးက အတည်ပြုပြောကြားခဲ့ပါသည်။

ယခုသပိတ်ဖြိုခွင်းမှုတွင် ဖမ်းဆီးခံရသူအများစုမှာ အမျိုးသမီးအများဆုံးဖြစ်ပြီး အသက် ၁၈ နှစ်မပြည့်သေးသည့် မိန်းကလေး ၃ ဦးလည်းပါဝင်ကြောင်း သိရပါသည်။

လက်ရှိတွင် ဖမ်းဆီးခံရသူများကို ကယားပြည်နယ်ခန်းမမှာ ထားရှိပြီး သပိတ်ကော်မတီအနေဖြင့် ဖမ်းဆီးခံပြည်သူများ လွတ်မြောက်နိုင်ရေးအတွက် KNPP နှင့်တွေ့ဆုံပြီး စစ်ကောင်စီနှင့် ညှိနှိုင်းဆောင်ရွက်ရန်အတွက် လုပ်ဆောင်သွားဖို့ရှိကြောင်း သိရသည်။

သပိတ်ဖြိုခွင်းမခံရမီ ယင်းနေ့ ညနေ ၅ နာရီဝန်းကျင်၌ နာနတ်တောပြည်သူများက စစ်အာဏာစနစ် ဆန့်ကျင်ကန့်ကွက်သည့်သပိတ်အတွက် လူစုနေစဉ်တွင် စစ်ကောင်စီမှ လာရောက်ဖြိုခွင်းပြီး လိုက်လံဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

လိုက်လံဖမ်းဆီးသည့်အခါတွင်လည်း ကျည်ဆန်အစစ်များကိုအသုံးပြုပြီး ပစ်ခတ်ဖြိုခွင်းမှုများ ပြုလုပ်ခဲ့သော်လည်း ထိခိုက်မှုတစ်စုံတစ်ရာမရှိခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင်ပင် နာနတ်တော၌ လိုက်လံဖမ်းဆီးပစ်ခတ်နေသလို နောင်ယားရပ်ကွက်တွင်လည်း အရပ်ဝတ်လူတစ်စုက သေနတ်ကိုင်ပြီး အိမ်စီးကားဖြင့် လှည့်လှည်သွားလာခဲ့သည်ဟု မျက်မြင်တွေ့ရှိသူက ပြောပါသည်။

အမှတ် ၁ - အယ်လ်ဖာစစ်ဒေသ/ မိုးဗြဲနယ် ထုတ်ပြန်သည့် စစ်ရေးပြအခမ်းအနားကို တွေ့ရစဉ်
April 29, 2026
မိုးဗြဲဒေသက ကရင်နီလက်နက်ကိုင်တပ်ဖွဲ့တွေကြား ပစ်ခတ်မှုကြောင့် ၉ဦး သေဆုံးသွားတဲ့အမှုကို...
ဓါတ်ပုံ - Karenni Hope
April 28, 2026
ကရင်နီပြည်၊ နန်းမယ်ခုံမြို့နယ်အတွင်းက ကျေးရွာတရွာမှာ စစ်အုပ်စုရဲ့ လက်နက်ကြီးနဲ့ ဒရုန်း...
April 27, 2026
ကရင်နီပြည်က တော်လှန်ရေးနယ်မြေအတွင်းမှာ ဖွင့်လှစ်ထားတဲ့ ကျောင်းတွေထဲက အဆင့်မြင့်ကျောင်း ၆ ကျောင်း...
April 25, 2026
ထိုင်းအစိုးရရဲ့ တရားဝင်ခွင့်ပြုချက်နဲ့ ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်ခွင့်ရတဲ့...