ဖမ်းဆီးထားသော လူငယ် ၇၄ ဦးအား ပြန်လွှတ်ပေးရန် ညှိနှိုင်းဆဲဟု KNPP အတွင်းရေးမှူးပြော

ဖမ်းဆီးထားသော လူငယ် ၇၄ ဦးအား ပြန်လွှတ်ပေးရန် ညှိနှိုင်းဆဲဟု KNPP အတွင်းရေးမှူးပြော

လူငယ်စွမ်းရည်မြှင့်သင်တန်းတက်ရောက်ပြီး အပြန်တွင် အာဏာသိမ်းစစ်တပ်၏ ဖမ်းဆီးခြင်းခံလိုက်ရသည့် လူငယ် ၇၄ ဦးအား ပြန်လွှတ်ပေးရန် ညှိ့နှိုင်းနေဆဲဟု KNPP အတွင်းရေးမှူး (၂) ဦးဒယ်နီယာယ်င ကန္တာရဝတီတိုင်းမ်ကိုပြောသည်။



၎င်း လူငယ် ၇၄ ဦးကို ကယားပြည်နယ်၊ ဖရူဆိုမြို့ အဝင်ဂိတ်တွင် ပြီးခဲ့သည့် ဧပြီလ ၃၀ ရက်နေ့က ဖမ်းဆီးလိုက်ခြင်းဖြစ်ပြီး ဖမ်းဆီးထားရသည့် လူငယ်များထဲတွင် ၁၈ နှစ်အောက်လူငယ် ငါးဦးပါဝင်သည်ဟု ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။



ဖမ်းဆီးထားရသည့် လူငယ်များအား ပြန်လည်လွှတ်ပေးရေးနှင့်ပတ်သက်ပြီး KNPP အတွင်းရေးမှူး (၂) က ”ဒီဥပဒေကြောင်းအရဆိုရင် ဖမ်းဆီးပိုင်ခွင့် ချုပ်ပိုင်ခွင့်မရှိဘူး။ သူတို့ကတော့ လွှတ်ရမှာပေါ့။ သတင်းကြားတာကတော့ သတင်းပို့လာတာကတော့ သူတို့စီစစ်နေတယ်ပေါ့နော။ တချို့ လွှတ်ပေးသင့်တဲ့သူတွေကို လွှတ်ပေးရမှာပေါ့“ ဟု ပြောသည်။



ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) ကလည်း မေလ (၉) ရက်က ဖမ်းဆီးထားရသည့် လူငယ်များအား အမြန်ဆုံးပြန်လည်လွှတ်ပေးရေးအတွက် ထုတ်ပြန်ချက်ထုတ်ခဲ့သည်။



ယခုဖမ်းဆီးထားရသည့် လူငယ် ၇၄ ဦးထဲမှ ၆၉ ဦးကို လွိုင်ကော်အကျဉ်းထောင်တွင် ဖမ်းဆီးထားပြီး အသက် ၁၈ နှစ်အောက် လူငယ် ၅ ဦးကိုတော့ အကျဉ်းထောင်တွင်မဟုတ်ဘဲ သီးသန့်ထားရှိသည်ဟုသိရကြောင်း ထုတ်ပြန်ချက်ထဲတွင်ပါရှိသည်။

ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...
August 22, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ခြမ်းနှင့် အနောက်ဘက်ခြမ်းရှိ နေရာများကို စစ်အုပ်စုတပ်က ယခုရက်...