CDM လုပ်သည့် လျှပ်စစ်ဝန်ထမ်း ၂၅ ဦးနှင့် နေ့စား ၇၀ ကျော် အလုပ်ထုတ်ခံရ

CDM လုပ်သည့် လျှပ်စစ်ဝန်ထမ်း ၂၅ ဦးနှင့် နေ့စား ၇၀ ကျော် အလုပ်ထုတ်ခံရ

ကယား (ကရင်နီ) ပြည်နယ်တွင် CDM လုပ်ကြသည့် မြို့နယ်အလိုက်မှ လျှပ်စစ်ဝန်ထမ်းများကို စစ်ကောင်စီက အလုပ်မှထုတ်ပစ်လိုက်ခြင်းဖြစ်သည်။

CDM မှာပါဝင်သည့်အတွက် လျှပ်စစ်အမှုထမ်းဝန်ထမ်း ၂၅ ဦးနှင့် နေ့စားဝန်ထမ်း ၇၀ ကျော်ကို အလုပ်ကနေ ထုတ်ပယ်လိုက်ခြင်းဖြစ်ပါသည်။

CDMဝင်တဲ့ လျှပ်စစ်ရုံးဝန်ထမ်းတစ်ဦးကတော့ CDMဝင်တာ နောင်တမရဘူးလို့ဆိုပါတယ်။

အလုပ်မှ ထုတ်ပယ်ခံလိုက်ရသည့် ဝန်ထမ်းတစ်ဦးမှ "နောင်တလည်းမရဘူး။ CDM ကို ဆက်ပြီးလုပ်သွားမှာပဲပေါ့။ CDM ဝင်တဲ့သူတွေကို အဲ့လိုစာထုတ်မယ်ဆိုတာ သိပြီးသားပဲပေါ့။ အကြောင်းကြားစာ ရောက်ရောက်/မရောက်ရောက် အစကတည်းက သိပြီးသားပဲပေါ့" ဟု ဆိုသည်။

လျှပ်စစ်ရုံးများတွင် CDM မပါဝင်သည့်ဝန်ထမ်းများလည်းရှိကြောင်း သိရသည်။

စစ်ကောင်စီကနေပြီးတော့ နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၁၀ (ဈ) အရဆိုပြီး ဧပြီလ ၂၈ ရက်နေ့တွင် အလုပ်ကနေ ထုတ်ပယ်လိုက်ခြင်းဖြစ်ကြောင်း ပါရှိပါသည်။

အခြားဌာနဆိုင်ရာများမှ CDM လုပ်ကြသည့် ဌာနဆိုင်ရာဝန်ထမ်းများကိုလည်း အလုပ်ကနေထုတ်ပစ်ခြင်းများလည်းရှိသည်။

May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...
ပုံဟောင်းအသုံးပြုထားသည်။ ( Photo - RFA )
April 30, 2026
ကဆုန်လပြည့်နေ့ အထိမ်းအမှတ်အနေဖြင့် မြန်မာနိုင်ငံတဝှမ်းက အကျဉ်းထောင်အသီးသီးမှာ အကျဉ်းကျခံနေတဲ့...
April 30, 2026
မိုးဦးမိုးဖျား စတင်ရွာသွန်းလာချိန်နဲ့အတူ ကရင်နီပြည်ရှိ လယ်သမားများက စိုက်ပျိုးရာသီသစ်အတွက်...