စားသုံးသူရေးရာဦးစီးဌာနမှ CDM ဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရ

စားသုံးသူရေးရာဦးစီးဌာနမှ CDM ဝန်ထမ်းများ အလုပ်မှထုတ်ပယ်ခံရ

ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနမှ CDM လုပ်သည့်ဝန်ထမ်း (၁၁) ဦးကို ပြီးခဲ့သည့် ဧပြီလ ၂၄ ရက်မှစပြီး အလုပ်မှထုတ်ပယ် (Dismissal) လိုက်ကြောင်း မေလ (၃) ရက်နေ့တွင် အကြောင်းကြားစာပေးပို့လာသည်ဟု သိရသည်။

CDM လုပ်သည့်ဝန်ထမ်းများအား စစ်ကောင်စီလက်ထက် ဆက်လက်တာဝန်ထမ်းဆောင်နေသည့် ပြည်နယ်ဦးစီးမှူးများမှနေပြီး နိုင်ငံ့ဝန်ထမ်း နည်းဥပဒေအရ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်လိုက်ခြင်းဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းနည်းဥပဒေ ၂၂၀ အရ ခြောက်လအတွင်း အယူခံလွှာတင်သွင်းနိုင်သည်ဟု ပါရှိပါသည်။

အလုပ်မှ ထုတ်ပယ်ခံလိုက်ရသည့် ဝန်ထမ်းတစ်ဦးကတော့ ၎င်းမှာ အယူခံဝင်မည်မဟုတ်ဘဲ စစ်အာဏာကို အဆုံးထိ တိုက်ထုတ်သွားမည်ဟု ဆိုပါသည်။

”အမတို့အနေနဲ့ကတော့ အဆုံးထိ ပြည်သူ့အစိုးရ ပြန်လည်မတက်မချင်း အမတို့ကတော့ ဒီစစ်ကောင်စီအောက်မှာ လုံးဝ အလုပ်လုပ်ဖို့မရှိဘူး။ အယူခံဝင်ဖို့လည်းမရှိဘူး။ အယူခံဝင်ကြမှာလည်း မဟုတ်ဘူး။ ဘာလို့လဲဆိုတော့ အစကတည်းက ဒီအာဏာသိမ်းမှုအပေါ်မှာ မကျေနပ်လို့ အမတို့က CDM လုပ်တာဆိုတော့လေ။ သူတို့လက်အောက်မှာ လုံးဝ အလုပ်ပြန်မဝင်ဘူး။ ပြည်သူ့အစိုးရပြန်တက်မှသာ ကိုယ့်လုပ်ငန်းခွင် ကိုယ်ပြန်ဝင်မှာပေါ့“ ဟု ဆိုသည်။

ကယားပြည်နယ် စားသုံးသူရေးရာဦးစီးဌာနတွင် (နေ့စားပါ) ဝန်ထမ်းအားလုံး (၂၆) ယောက်ရှိပြီး ဖေဖော်ဝါရီ (၈) ရက်နေ့တွင် ဝန်ထမ်း ၁၃ ယောက် (နေ့စားပါ) CDM တွင် ပါဝင်ခဲ့ကြသည်ဟု သိရပါသည်။

သို့သော် ဧပြီ (၂၁) ရက်နေ့တွင် ဝန်ထမ်းတစ်ဦးမှာ CDM မပါဝင်လိုတော့ဘဲ အလုပ်ပြန်ဝင်ခဲ့ပြီး ကျန်ရှိသည့် CDM ဝန်ထမ်းများ (နေ့စားပါ) အလုပ်မှ ထုတ်ပယ် (Dismissal) ခံခဲ့ရခြင်းဖြစ်သည်။

ယခုကဲ့သို့ ဝန်ထမ်းအဖြစ်မှ ထုတ်ပယ်ခံလိုက်ရသည့်အတွက် အခက်အခဲများရှိကြောင်း CDM ဝန်ထမ်းတစ်ဦးက ယခုလိုပြောပါသည်။

”အခက်အခဲကတော့ ငွေရေး ကြေးရေးပေါ့။ ကျမတို့ စားသုံးသူက သူများတွေ သိပ်မသိတော့လေ ထောက်ပံ့ငွေတွေ ဘာတွေ ရတဲ့အချိန်မှာ သိပ်မပါဖြစ်ဘူးပေါ့နော။ အစကတော့ တောင့်ခံတာပေါ့ တစ်ဖွဲ့လုံးက ဒီနောက်ပိုင်းရောက်လာတော့ ငွေရေးကြေးရေး ခက်ခဲတာတွေရှိလာတယ်။ အိမ်ထောင်သည်နဲ့ မိသားစုများတဲ့သူလောက်ပဲ နေဖို့ထိုင်ဖို့ ခက်ခဲတာပါ“ ဟု ဆိုသည်။

အာဏာသိမ်းမှု ၃ လကျော် ကြာမြင့်လာပြီဖြစ်ကာ ပြည်သူများကလည်း စစ်အာဏာလက်အောက် မနေလိုသည့်အတွက် ဆက်လက်ဆန္ဒပြနေဆဲဖြစ်ပြီး အစိုးရဝန်ထမ်းများကလည်း CDM ပြုလုပ်လျက် စစ်အာဏာကို ဆက်လက်ဆန့်ကျင်နေကြခြင်းဖြစ်သည်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...