ANP ဗဟိုအလုပ်အမှုကော်မတီ အစည်းဝေးပြီးစီး၊ ပင်လုံညီလာခံ တက်/မတက်ကို မေ ၁၂ ရက်နေ့ ပြုလုပ်မည့် UPDJC အစည်းအဝေးပြီးမှ ဆုံးဖြတ်မည်

ANP ဗဟိုအလုပ်အမှုကော်မတီ အစည်းဝေးပြီးစီး၊ ပင်လုံညီလာခံ တက်/မတက်ကို မေ ၁၂ ရက်နေ့ ပြုလုပ်မည့် UPDJC အစည်းအဝေးပြီးမှ ဆုံးဖြတ်မည်
by -
နိရဥ္စရာ
ANP ပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် အစည်းအဝေးပြီးနောက် အင်တာဗျူးပေးနေစဉ်
ANP ပါတီ အတွင်းရေးမှူး ဦးထွန်းအောင်ကျော် အစည်းအဝေးပြီးနောက် အင်တာဗျူးပေးနေစဉ်
၂၁ ရာစု ပင်လုံညီလာခံသို့ ရခိုင်အမျိုးသားပါတီတက်/ မတက်ကို လာမည့် မေလ ၁၂ ရက်နေ့တွင် ပြုလုပ်ရန်ရှိသည့် UPDJC အစည်းအဝေးပြီးမှ တက်ရန်သင့်/မသင့်ကို ဆုံးဖြတ်မည်ဟု ပါတီအထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က နိရဥ္စရာသို့ပြောသည်။

“ ဒီနေ့ ပြုလုပ်တဲ့ ကျွန်တော်တို့ပါတီရဲ့ဗဟို အလုပ်အမှုဆောင် ကော်မတီ အစည်းကနေ ၂၁ ရာစု ပင်လုံညီလာခံနဲ့ ပတ်သက်ပြီး ခုလို ဆုံးဖြတ်ခဲ့ပါတယ်။ လာမယ့် မေလ ၁၂ ရက်နေ့မှာ UPDJC အစည်းအဝေးရှိပါတယ်။ အဲဒီအစည်းအဝေးကို ကျွန်တော်တို့ရဲ့ ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင် တက်ရောက်ဖို့ရှိပါတယ်။ အဲဒီအစည်းအဝေးပြီးတဲ့ နောက်မှဘဲ ဗဟိုအလုပ်အမှုဆောင် ကော်မတီရဲ့ သဘောထားကို ယူပြီး တက် /မတက်ကို ဆုံးဖြတ်မှာ ဖြစ်ပါတယ်” ဟု ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအဝေးကို မေလ ၁ဝ ရက် ယနေ့တွင် စစ်တွေရှိ ရခိုင်အမျိုးသား ပါတီဗဟိုဌာနချုပ်ရုံးခန်းတွင် ကျင်းပပြုလုပ်ခဲ့ရာ ကော်မတီဝင် ၃၁ ဦး ရှိရာတွင် ၁၈ ဦးတက်ရောက်ပြီး ၆ ဦးက ခွင့်တင် သဖြင့် အစည်းအဝေးထမြောက်သည်ဟု ဦးထွန်းအောင်ကျော်က ဆိုသည်။

" UPDJC (ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ)အစည်းအဝေးမှာ တင်ပြဆွေးနွေးသွားမယ်။ အဲဒီအစည်းအဝေးနောက် ပိုင်းမှာ ပေါ်ပေါက်လာတဲ့ နိုင်ငံရေးအခြေအနေ အပေါ်မှာပဲမူတည်ပြီးတော့ ရခိုင်အမျိုးသားပါတီအနေနဲ့ ဘယ်လိုဆက်လက်ပြီးတော့ ပါဝင်သင့်သလဲ၊ သဘောထားသင့်လဲဆိုတာကို အဲဒီခါကျမှပဲ ဆက်ပြီးတော့ ဆုံးဖြတ်ကြမယ်ဆိုပြီးတော့ အစည်း အဝေးဆုံးဖြတ်ချက်မှာ အဲဒီအတိုင်းပဲ ရှိပါတယ်။ "ဟု အစည်းအဝေးအပြီး ဦးထွန်းအောင်ကျော်က နိရဥ္စရာ၏ သီးသန့်မေးမြန်းမှုကို ဖြေကြားခဲ့ခြင်းဖြစ်သည်။

ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံဖြစ်သည့် ၂၁ ရာစုပင်လုံညီလာခံသည် ပြည်ထောင်စုတစ်ခုလုံးအတွက် အလွန်တရာလို အပ်သည့်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဖြစ်သောကြောင့် ရခိုင်အမျိုးသားပါတီအနေဖြင့် ကြိုဆို ထောက်ခံသည်ဟုလည်း ရခိုင်အမျိုးသားပါတီက ဆိုသည်။

ရခိုင်ပြည်နယ်တွင် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများကို ယနေ့အချိန်ထိ ကျင်းပခွင့်မရသေးသည့် ကိစ္စနှင့်ပတ်သက်ပြီး ရခိုင်အမျိုးသားပါတီအထွေထွေအတွင်းရေးမှူး ဦးထွန်းအောင်ကျော်က "သူများတွေကို လုပ်ပိုင်ခွင့်ပေးပြီးတော့ ရခိုင်ဆိုတဲ့လူမျိုး တစ်မျိုးကို မပေးဘူးဆိုရင် ဒါဟာ ခွဲခြားဆက်ဆံရာ ကျမယ်လို့ ရခိုင်အမျိုးသားပါတီအနေနဲ့ မှတ်ယူတယ်။ ဒါကြောင့် လုပ်ခွင့်ရအောင် လညး် ရခိုင်အမျိုးသား ပါတီအနေနဲ့ အားသွန်ခွန်စိုက် ကြိုးပမ်းသွားမယ်၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာလည်း အပြည့်အဝ ပါဝင် ဆောင်ရွက် သွားမယ်" ဟု နိရဥ္စရာသို့ပြောသည်။

ယနေ့ပြုလုပ်သည့် ရခိုင်အမျိုးသားပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်များအစည်းအဝေးတွင် ရခိုင်အမျိုးသားပါတီ၏ ဒုတိယအကြိမ်ညီလာခံကို ယခုနှစ်၊ ဒီဇင်ဘာလနောက်ဆုံးပတ်တွင် ကျင်းပရန်သဘောတူခဲ့ပြီး ကျင်းပမည့် နေရာကို လာမည့် ဗဟိုကော်မတီ အစည်းအဝေးတွင် ဆုံးဖြတ်မည်ဟု သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...