မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် ကျင်းပမည်

မြိုအမျိုးသားနေ့ကို ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် ကျင်းပမည်
by -
နိရဥ္စရာ
(၂) ကြိမ်မြောက် မြိုအမျိုးသားနေ့ကို ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ် ဗန်းဗွီးကျေးရွာတွင် မေလ ၁၆ ရက်နေ့တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရှိရသည်။

“အဓိက ရည်ရွယ်ချက်ကတော့ မြိုတမျိုးသားလုံး စည်းလုံးညီညွတ်ဖို့နဲ့ ယဉ်ကျေးမှုဆိုင်ရာများ ပညာရေး၊ ကျန်းမာရေး၊ အဖက်ဖက်ဖက်မှာ တိုးတတ်လာအောင် ရည်ရွယ်ပြီး အခုလိုပြုလုပ်တာဖြစ်ပါတယ်။” ဟု ပွဲဖြစ်မြောက်ရေးကော်မတီ လူငယ်ခေါင်းဆောင် ကိုမောင််လှဝင်း က ပြောသည်။

ယခုနှစ်ကျင်းပမည့် မြိုအမျိုးသားနေ့တွင် ယခင်နှစ်ထက်ပိုမိုစည်ကားအောင် ကျင်းပမည်ဖြစ်ကြောင်း၊ တိုင်းရင်းသား ရိုးရာအကမျးလည်း ဖြေဖျော်မည် ဖြစ်ကြောင်း၊ ညနေပိုင်းအစီအစဉ်အဖြစ် ရခိုင်အဆိုတော်များဖြစ်ကြသည့် အာရီယန်၊ ဝင်းနန္ဒာခိုင်၊ ပန်းခိုင်ရွှေဝင်း၊ တို့က သီဆိုဖြေဖျော်ကြမည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

အခမ်းအနားတွင် စာပေညာရှင်တချို့မှ လည်း ဟောပြောသွားမည်ဖြစ်ကြောင်း သိရသည်။

ပထမအကြိမ် မြိုအမျိုးသားနေ့ကိုလည်း ဗန်းဗွီးကျေးရွာတွင် စတင်ကျင်းပခဲ့ပြီး ယခုနှစ် ဒုတိယ အကြိမ်မြောက်ပွဲကိုလည်း ၎င်းကျေးရွာတွင်သာ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...