ဖရူဆိုမြို့ ထီးတရဲ ရပ်ကွက်တွင်းကလူငယ် ၂ ဦးဖမ်းဆီးခံရ

ဖရူဆိုမြို့ ထီးတရဲ ရပ်ကွက်တွင်းကလူငယ် ၂ ဦးဖမ်းဆီးခံရ

ဧပြီလ ၂၉ ရက်နေ့ မနက်ကိုးနာရီ အချိန်မှာ ဖရူဆိုမြို့ ထီးတရဲ ရပ်ကွက်အတွင်းက လူငယ်၂ ဦးကို ရဲနဲ့ စစ်သားတွေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ကန္ထာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ် ၂ဦးကတော့ မောင်ဂေးဘတ်နဲ့ မောင်တင်ဝင်း တို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကိုတော့ သေချာမသိရသေးပေမဲ့ ဒီနေ့မနက်ပိုင်းမှာ ဖရူဆိုမြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ လိုက်ကျဲချထားတာတွေကြောင့်လို့ ယူဆရတယ်ဆိုပြီး ဒေသခံတစ်ဦးကပြောပါတယ်။

“စာရွက်ကျဲတာတော့ သူတို့လားတော့မသိပေမဲ့ စစ်သားကတော့ သူတို့ ၂ ယောက်ကိုလာဖမ်းသွားတယ်တဲ့။ သူတို့ကွမ်းဝယ်နေတုန်း” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ပတ်လောက်ကစပြီး ဖရူဆိုမြို့နယ်မှာ ရဲနဲ့ စစ်သားတွေက ရပ်ကွက်၊ကျေးရွာအတွင်းက ပြည်သူတွေလုပ်ထားတဲ့ အရံအတားတွေကို လိုက်လံ ဖျက်ဆီးခဲ့တာရှိနေပြီး ည၈ နာရီ သံပုံးတီးချိန်မှာ နေအိမ်တွေကို ရာဘာကျည်၊ လေးခွစတာတွေနဲ့ ပစ်ခတ်နေတာတွေရှိပါတယ်။

Most read this week

December 23, 2025
၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှာ စစ်ကော်မရှင်ကနေ ပြုလုပ်မဲ့ တရားမဝင်/အတုအယောင် ရွေးကောက်ပွဲဟာ...
December 19, 2025
ကရင်နီပြည်သူလူထု၊ တပ်ပေါင်းစုံတပ်ဖွဲ့ဝင်တွေ၊ ကရင်နီလူမှု အဖွဲ့အစည်းတွေကို ဒီဇင်ဘာလ (၁၉)...
December 16, 2025
ကရင်နီပြည်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ကျေးရွာတရွာအနီးမှာ စပါးသိမ်းယူနေတဲ့ စစ်ဘေးရှောင်တွေကို...