ဖရူဆိုမြို့ ထီးတရဲ ရပ်ကွက်တွင်းကလူငယ် ၂ ဦးဖမ်းဆီးခံရ

ဖရူဆိုမြို့ ထီးတရဲ ရပ်ကွက်တွင်းကလူငယ် ၂ ဦးဖမ်းဆီးခံရ

ဧပြီလ ၂၉ ရက်နေ့ မနက်ကိုးနာရီ အချိန်မှာ ဖရူဆိုမြို့ ထီးတရဲ ရပ်ကွက်အတွင်းက လူငယ်၂ ဦးကို ရဲနဲ့ စစ်သားတွေ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားတယ်လို့ ဒေသခံတစ်ဦးက ကန္ထာရဝတီတိုင်း(မ်) ကိုပြောပါတယ်။

ဖမ်းဆီးခံရတဲ့လူငယ် ၂ဦးကတော့ မောင်ဂေးဘတ်နဲ့ မောင်တင်ဝင်း တို့ဖြစ်ပါတယ်။

ဖမ်းဆီးခံရတဲ့ အကြောင်းရင်းကိုတော့ သေချာမသိရသေးပေမဲ့ ဒီနေ့မနက်ပိုင်းမှာ ဖရူဆိုမြို့အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး စာရွက်တွေ လိုက်ကျဲချထားတာတွေကြောင့်လို့ ယူဆရတယ်ဆိုပြီး ဒေသခံတစ်ဦးကပြောပါတယ်။

“စာရွက်ကျဲတာတော့ သူတို့လားတော့မသိပေမဲ့ စစ်သားကတော့ သူတို့ ၂ ယောက်ကိုလာဖမ်းသွားတယ်တဲ့။ သူတို့ကွမ်းဝယ်နေတုန်း” လို့ ဒေသခံတစ်ဦးကပြောပါတယ်။

ပြီးခဲ့တဲ့ ပတ်လောက်ကစပြီး ဖရူဆိုမြို့နယ်မှာ ရဲနဲ့ စစ်သားတွေက ရပ်ကွက်၊ကျေးရွာအတွင်းက ပြည်သူတွေလုပ်ထားတဲ့ အရံအတားတွေကို လိုက်လံ ဖျက်ဆီးခဲ့တာရှိနေပြီး ည၈ နာရီ သံပုံးတီးချိန်မှာ နေအိမ်တွေကို ရာဘာကျည်၊ လေးခွစတာတွေနဲ့ ပစ်ခတ်နေတာတွေရှိပါတယ်။

August 27, 2026
ဩဂုတ်လအတွင်း ကရင်နီပြည်အတွင်းရှိ ဒီးမော့ဆို၊ ဖရူဆို နှင့် လွိုင်ကော်မြို့နယ်တို့၌ စစ်အုပ်စုတပ်၏...
ဓာတ်ပုံ - Crd
August 26, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အရှေ့ဘက်ခြမ်းရှိ တောင်ယာလုပ်ငန်းခွင် နေရာကို ယမန်နေ့ ဩဂုတ်လ ၂၅ ရက်...
ဓာတ်ပုံ - Crd
August 25, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်း၊ လွိုင်နန်းဖမြို့နယ်အတွင်းရှိ အထက်တန်းကျောင်း...
August 24, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် ရှေ့တန်းတစ်နေရာတွင် ကယ်ဆယ်ရေးတာဝန် ထမ်းဆောင်နေသည့် ကယ်ဆယ်ရေး...