ပေါက်တောမြို့နယ် ဘဲရကျေးရွာတွင် ရွာသားများ သွေးလွန်တုတ်ကွေး ရောဂါ ဖြစ်ပွားနေ

ပေါက်တောမြို့နယ် ဘဲရကျေးရွာတွင် ရွာသားများ သွေးလွန်တုတ်ကွေး ရောဂါ ဖြစ်ပွားနေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ပေါက်တောမြို့နယ် ဘဲရကျေးရွာတွင် ရွာသားတစ်ချို့မှာ ခြင်မှတစ်ဆင့် ကူးစက်တတ်သည့် သွေးလွန် တုတ်ကွေးရောဂါ ဖြစ်ပွားနေရကြောင်း သတင်းရရှိသည်။

“အသေအပျောက်တော့ မရှိဘူးခင်ဗျာ။ ကျွန်တော်တို့က မနေ့က မနက် ၈ နာရီမှာ သတင်းရတယ်။ သတင်းရတာနဲ့ စပီးဘုတ်နဲ့ လာတယ်။ ၁၂ နာရီလောက်မှာ ရောက်တယ်။ ရောက်တော့ ကျွန်တော်တို့ ဆေးခန်း ဖွင့်တယ်။ လူနာ ၆၄ ယောက်လာပြတယ်။ အဲဒီအထဲမှာ ၃၅ ယောက်တော့ သံသယရှိတဲ့ လူနာ အဖြစ်တွေ့တယ်။ ကျွန်တော်တို့ စစ်ဆေးတဲ့အခါ (၁၂)ယောက်ကတော့ သွေးလွန်တုတ်ကွေးပိုး တွေ့တာရှိပါတယ်။ လူနာဘယ်နှစ်ဦး သွေးလွန်တုတ်ကွေး ခံစားနေရတယ်ဆိုတာ အတိအကျ လတ်တလောမှာ မသိနိုင်သေးပါဘူး” ဟု ပိုလီယိုကွင်းဆင်း အရာရှိ ဒေါက်တာစံံလင်းက နိရဥ္စရာ သတင်းဌာနသို့ ပြောသည်။

ယခုနှစ်သင်္ကြန်ကာလအတွင်း မိုးအနည်းငယ်ရွာသွန်းခဲ့သောကြောင့် ရေများတင်ကျန်နေခဲ့သည့် နေရာများမှ ခြင်ကောင်များ ပေါက်ဖွားမှုကြောင့် ယခုကဲ့သို့ သွေးလွန်တုတ်ကွေးရောဂါများ ကူးစက်ခံရခြင်း ဖြစ်ကြောင်း ဒေါက်တာ စံလင်းက ပြောဆိုသည်။

လက်ရှိတွင် ဒေါက်တာစံလင်းအပါအဝင် ကျန်းမာရေးလုပ်သား (၁၁)ဦးတို့မှ ကမ္ဘာ့ကျန်းမာရေးအဖွဲ့နှင့် ပြည်နယ် ကျန်းမာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ပြီး ကျေးရွာအတွင်း ဆေးခန်းဖွင့်၍ စစ်ဆေး ကုသနေသည့်အပြင် ယင်းကျေးရွာအတွင်းမှ လူငယ် တစ်ချို့ကိုလည်းကာကွယ်ရေးစနစ်များကို သိရှိ နားလည်စေရန် လက်တွွေ့သင်ပြမှုများလည်း ပြုလုပ်ပေးနေကြောင်း ဒေါက်တာစံလင်းက ပြောကြားသည်။

ယခုဖြစ်ပေါ်ဖြစ်ပေါ်နေသည့် သွေးလွန်တုတ်ကွေးရောဂါသည် ဆေးကုသမှု ပုံမှန်ခံယူမည်ဆိုပါက တစ်ပတ် အတွင်း ပုံမှန်ဖြစ်သွားနိုင်မည်ဟု ခန့်မှန်းကြောင်း၊ ကျေးရွာအတွင်း ခြင်ကောင်များ ပေါက်ဖွားနိုင်သည့် နေရာတွင်လည်း ခြင်နိုင်ဆေးများကို ဖြန့်ပေးလျက်ရှိကြောင်း သူကဆက်လက် ပြောသည်။

“ဦးဇင်က ရွာမှာဘုရားအလှူရှိတဲ့ အတွက် ရောက်လာတာ ဖြစ်တယ်။ ဘုရားအလှူရောက်တော့ လူတွေက တစ်အိမ်မှာ နှစ်ယောက် သုံးယောက်နေမကောင်းဖြစ်နေကြတာမြင်တော့ အမြင်မကောင်းဘူးဖြစ်နေတာပေါ့။ စီးပွားရေးလည်း မလုပ်နိုင်ဘူး။ လုပ်ကိုင်စားသောက်ဖို့လည်း မရဘူး။ ပြီးတော့ မြို့ကို ဆေးသွားကုမယ် ဆိုတော့ ဆင်းရဲတဲ့လူတွေက မသွားနိုင်ကြဘူးလေ။ အဲဒါကြောင့် မြို့နယ်ကို အကူအညီတောင်းဖြစ်တာပါ” ဟု ဇာတိကျေးရွာကို အလှူလုပ်ပေးရန်ရောက်ရှိနေသည့် ဆရာတော် ဦးယသမှ နိရဥ္စရာသို့ မိန့်ကြားသည်။

ရောဂါ ဖြစ်ပွားနေသည့် ဘဲရကျေးရွာသည် အိမ်ခြေ ၁၅ဝ ကျော်နှင့် လူဦးရေ ရ၀၀ ကျော် ရှိသည့် ကျေးရွာတစ်ရွာဖြစ်ပြီး ယင်းကျေးရွာတွင် တာဝန်ထမ်းဆောင်နေသည့် ကျေးရွာသားဖွားဆရာမမှာလည်း ယခုကဲ့သို့ ရွာသားများကျန်းမာရေး မကောင်းဖြစ်နေချိန်တွင် ရွာတွင် တာဝန်ထမ်းဆောင်လျက် ရှိနေသည်ကို မတွေ့ရှိကြောင်း ဆရာတော်က မိန့်ကြားသည်။

May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...
လက်နက်ကြီးကျသည့် နေအိမ်အားတွေ့ရစဉ် (ဓာတ်ပုံ- ပေးပို့)
May 5, 2026
ကချင်ပြည်၊ ဖားကန့်မြို့နယ် လုံးခင်းတွင် အကြမ်းဖက်စစ်တပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)အကြား...