တီးတိန်မြို့တွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ ပစ်သတ်

တီးတိန်မြို့တွင် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို စစ်ကောင်စီ၏တပ်ဖွဲ့ဝင်များ ပစ်သတ်

ချင်းပြည်နယ် တီးတိန်မြို့တွင် ယမန်နေ့ (ဧပြီ ၂၇ ရက်) ည ၁၀ နာရီဝန်ကျင်းခန့်က အသက်၂၀ အရွယ် Tg. Felix Thang Muan Lian ကို အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရသည်ဟု သိရသည်။



 

“မနေ့ညက ၈ နာရီလောက် တီးတိန်မြို့လယ်ခေါင် နာရီစင်အနားမှာ ပေါက်ကွဲသံတစ်ခုကြားရတယ် နောက်ပြီး ၁၀ နာရီလောက်မှာလည်း သေနတ်သံကြားရတယ် အခုသေသွားတဲ့သူက Teeklui လမ်းခွဲမှာ ဓာတ်ဆီဆိုင်ရှိတယ်၊ အဲဒီဓာတ်ဆီဆိုင်မှာ ညအိမ်သွားတဲ့အချိန် ပစ်သတ်ခံလိုက်ရတာလို့သိရတယ်" ဟု တီးတိန်မြို့မှ ဒေသခံလူငယ်က ပြောသည်။

 

Tg. Felix Thang Muan Lian သည် ၎င်းတို့၏ ဓာတ်ဆီဆိုင်ညစောင့်ရန်အတွက် ဆိုင်ကယ်ဖြင့်သွားနေစဉ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ပစ်ခတ်ခဲ့ခြင်းဖြစ်သည်ဟုယူဆရပြီး အလောင်းကိုလည်း တီးတိန်မြို့ပြည်သူ့ဆေးရုံ ရင်ခွဲရုံတွင်ထားရှိကာ သယ်ယူခွင့်မပြုသေးကြောင်း တီးတိန်မြို့မှ ဒေသခံလူငယ်တစ်ဦးကပြောသည်။

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...