မြဝတီမြို့ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု အမည်ပြောင်းလဲ

မြဝတီမြို့ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု အမည်ပြောင်းလဲ
by -
စိုင်းထွန်းစံ (MNA)

ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက အမည်ပြောင်းလဲသတ်မှတ်လိုက်ကြောင်း သိရသည်။

မြဝတီမြို့ အမှတ် ၁ ရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ အာဇာနည်ဗိမ္မာန်နှင့် မုခ်ဦးနှစ်ခုကို ဇွန် ၆ ရက် ညပိုင်းက ဘူဒိုဇာများအသုံးပြုကာ ဖြိုချဖျက်ဆီးခဲ့ခြင်းဖြစ်သည်။

ယခု ပြောင်းလဲသတ်မှတ်လိုက်သည့် ဦးစပန်းခြံမှာ ကုန်းဘောင်ခေတ်၌ ထင်ရှားကျော်ကြားသော မြန်မာစာပေနှင့် ဂီတပညာရှင်ကြီးတစ်ဦးဖြစ်သူ မြဝတီဝန်ကြီး (ဝါ) မြဝတီမင်းကြီးဦးစ (၁၈၃၀-ခုနှစ်ခန့်) နာမည်ဖြစ်သည်သည်။

အဆိုပါ  အာဇာနည်ပန်းခြံကို NLD အစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်ပြီး နစကကောင်စီလက်ထက်တွင် ပြန်လည်ဖြိုဖျက်ကာ နာမည်ပြောင်းလဲလိုက်ခြင်းဖြစ်သည်။

အလားတူ ကရင်ပြည်နယ်အတွင်းရှိ မြဝတီ၊ ဘားအံ၊ ကော့ကရိင်္တ၊ ကြာအင်းဆိပ်ကြီးဟူသော မြို့နယ်လေးခုတွင်ရှိသည့် အာဇာနည်ဗိမာန်နှင့် အာဇာနည်ကျောက်တိုင်ပြုလုပ်ထားသည့် အဆောက်အဦးများကို ကောင်စီက ဇွန် ၆ ရက်က ဖြိုဖျက်ခဲ့သည်။

ထို့ပြင် NLD အစိုးရ အမည်ပေးခဲ့သည့် မွန်ပြည်နယ်က “ဗိုလ်ချုပ်အောင်ဆန်းတံတား” ကိုလည်း ကမ္ဘည်းကျောက်စာ မော်ကွန်းအသစ် ပြန်လည်ရေးထိုးစေ၍ စစ်ကောင်စီဥက္ကဌကိုယ်တိုင် သံလွင်တံတား (ချောင်းဆုံ) အမည်ဖြင့် ဇွန် ၁ ရက်က အမည်ပြောင်းလဲဖွင့်လှစ်ခဲ့သည်။

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင်...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...
July 2, 2021
ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့်အတူ ရောဂါဖြစ်ပွားမှုနှုန်း နေ့စဉ်မြင့်တက်နေချိန်တွင်...