ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရာတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ မပါဝင်

ထိန်းသိမ်းခံထားရသူများ ပြန်လွှတ်ပေးရာတွင် မော်လမြိုင်တက္ကသိုလ်ကျောင်းသားများ မပါဝင်

ကျိုက်မရောအကျဉ်းထောင်မှ ဖမ်းဆီးခံထားရသူအချို့ကို ဇွန် ၃၀ ရက်က နစကကောင်စီက ပြန်လွှတ်ပေးခဲ့ရာတွင် မွန်ပြည်နယ် မော်လမြိုင်တက္ကသိုလ်နှင့် နည်ပညာတက္ကသိုလ်တို့မှ ကျောင်းသားတစ်ဦးမျှ ပါဝင်ခဲ့ခြင်းမရှိကြောင်း သိရသည်။

မော်လမြိုင်တက္ကသိုလ်မှ အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှာမှုတို့ကြောင့် ဖမ်းဆီးခံခဲ့ရသည့် ကျောင်းသား၊ ကျောင်းသူတို့ကို ကျိုက်မရောအကျဉ်ထောင်တွင်သာ စစ်ကောင်စီက ဆက်လက်ထိန်းသိမ်းထားကြောင်း မော်လမြိုင်တက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဌ မင်းသံစဉ်ဦးထံမှ သိရသည်။

မင်းသံစဉ်ဦးက “ကျွန်တော်တို့က အများကြီးလွတ်မယ်လို့တော့ မမှန်းလိုဘူး။ မမှန်းဘူးဆိုတာက အများကြီးလွှတ်မယ်လို့တော့ မမြင်ထားဘူး။ အခြားတော့မသိဘူး။ ကျောင်းသားအနေနဲ့တော့ တစ်ယောက်မှ လွတ်မြောက်တာမရှိခဲ့ဘူး။ ဒါကိုတော့ စိတ်မကောင်းဖြစ်ရတယ်။ စစ်တပ်က အပြစ်မရှိပဲ ဖမ်းတဲ့ကိစ္စတစ်ခုကို ပြန်လွှတ်ပေးတယ်ဆိုတာတော့ ကျေးဇူးတင်စရာတော့ မရှိဘူး” ဟု ပြောသည်။

မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂမှ မွန်ပြည်နယ်အတွင်း ဖမ်းဆီးခံရသည့် ကျောင်သား၊ ကျောင်းသူစာရင်းကို အခြေအနေတစ်ခုကြောင့် ပြန်လည်ပြုလုပ်နေရခြင်းဖြစ်ပြီး မကြာမီ ဖမ်းဆီခံထားရသည့် ကျောင်းသာ/သူ စာရင်းအတိအကျကို ပြန်လည်ကြေညာပေးသွားမည် ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

“အရင်ကတော့ လုပ်ခဲ့တယ်။ အခုက လုံခြုံတဲ့တစ်နေရာကို ပြေးလာခဲ့ရတဲ့အခါကျတော့ အဲ့ဒီစာရွက်စာတမ်းတွေက ကျွန်တော်တို့ လုံခြုံတဲ့တစ်နေရာမှာ ကျန်ခဲ့တယ်ပေါ့နော်။ BY Name နဲ့တော့ မဟုတ်ဘူး။ အမျိုးသမီးဘယ်နှစ်ယောက်၊ အမျိုးသားဘယ်နှစ်ဦး၊ ဘယ်မြို့နယ် ဘယ်မေဂျာဆိုတာကို ပြန်ကြေညာပေးပါ့မယ်” ၎င်းကပြောသည်။

မွန်ပြည်နယ်တွင် ဖမ်းဆီးခံထားရသည့် ကျောင်းသားပြည်သူ ၄၀၀ ကျော်ရှိပြီး ထိုအထဲမှ ဇွန်လ ၃၀ ရက်နေ့က ကျိုက်မရောအကျဉ်းထောင်မှ ကိုးဦး၊ သထုံအကျဉ်ထောင်မှ ၁၉ ဦး လွှတ်ပေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

Photo Credit - မော်လမြိုင်တက္ကသိုလ် ကျောင်းသားသမဂ္ဂ လူမှုကွန်ရက်စာမျက်နှာ

Most read this week

July 3, 2021
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒေါက်တာဗညားအောင်မိုးနှင့် အဖွဲ့ဝင်အချို့၊...
July 3, 2021
ကရင်ပြည်နယ် မြဝတီမြို့ရှိ အာဇာနည်ပန်းခြံကို ဦးစပန်းခြံဟု နစကကောင်စီက...
July 3, 2021
မော်လမြိုင်ဆေးရုံကြီး Isolation ward 1 တွင် ဆေးကုသမှုခံယူနေသည့် ကိုဗစ်အတည်ပြုလူနာ...
July 2, 2021
ကိုဗစ်ဗိုင်းရပ်စ်ပိုး ကူးစက်ပျံ့နှံ့မှုနှင့်အတူ ရောဂါဖြစ်ပွားမှုနှုန်း နေ့စဉ်မြင့်တက်နေချိန်တွင်...