ဖယ်ခုံမြို့တွင် အရပ်ဝတ်ဖြင့် လူသုံးဦးက ပစ်ခတ်လို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဒဏ်ရာရ၊ တူဖြစ်သူသေဆုံး

ဖယ်ခုံမြို့တွင် အရပ်ဝတ်ဖြင့် လူသုံးဦးက ပစ်ခတ်လို့ စစ်ကောင်စီကခန့်အပ်ထားတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးဒဏ်ရာရ၊ တူဖြစ်သူသေဆုံး

မနေ့ ၂၇ ရက်ည ၉ နာရီခွဲဝန်းကျင်လောက်မှာ ရှမ်း/တောင်၊ ဖယ်ခုံမြို့မှာ စစ်ကောင်စီက ခန့်အပ်ထားတဲ့ ညောင်ပင်သာရပ်ကွက်အုပ်ချုပ်ရေးမှူးနေအိမ်မှာ အရပ်ဝတ်နဲ့ လူသုံးဦးက ပစ်ခတ်တာကြောင့် အုပ်ချုပ်ရေးမှူးဒဏ်ရာရပြီး တူဖြစ်သူ သေဆုံးသွားတယ်လို့ ဖယ်ခုံမြို့ခံတစ်ဦးက ပြောပါတယ်။

“၉ နာရီခွဲပတ်ဝန်းကျင်လောက်မှာပေါ့နော်။ လူသုံးယောက်က ဆင်းလာတယ်တဲ့ ဆင်းလာပြီးတော့မှ လာခေါ်တာပေါ့လေ။ ဦးထွန်းပေါ်ရှိလားလို့ ပြောခါကျတော့ နဘေးမှာရှိတဲ့ ကိုခေါင်းလှဆိုတဲ့တစ်ယောက်က ထွက်လာပြီးတော့မှ ဘာလုပ်ဖို့လဲမသိဘူးဆို၊ စကားပြောချင်လို့ဆိုပြီးတော့မှ ဦးထွန်းပေါ်လည်း ထွက်လာတာနဲ့ တခါတည်းပေါ့နော်၊ အိတ်ထဲမှာ သေနတ်ထုတ်ပြီးတော့မှ ပစ္စတိုထုတ်ပြီးတော့မှ ပစ်တယ်ဆိုတဲ့ အနေအထားမျိုးပေါ့”လို့ ဆိုပါတယ်။

အဆိုပါအုပ်ချုပ်ရေးမှူးနေအိမ်မှ ရပ်ကွက်ပြည်သူတွေက စစ်အာဏာရှင်စနစ်ကို ကန့်ကွက်ဆန္ဒထုတ်ဖော်တိုင်း ပြည်သူတွေ တောင်းဆိုတဲ့ ဒီမိုကရေစီတစ်သက်လုံးရမှာ မဟုတ်ကြောင်း အမြဲတမ်းလာရောက်တားမြစ်တတ်တယ်လို့ ဖယ်ခုံဒေသခံက ပြောပါတယ်။

May 5, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ်ထဲက စစ်ဘေးရှောင်တချို့ဟာ ဆေးဝါးမလုံလောက်မှု၊...
May 4, 2026
ထိုင်း-ကရင်နီနယ်စပ်က ကရင်နီဒုက္ခသည်စခန်းအမှတ်(၁)မှာ ဧပြီလ ဒုတိယပတ်ကစပြီး ဝက်နာမကျန်းမှု...
May 2, 2026
ကရင်နီပြည်မှာ စစ်အုပ်စုရဲ့ တိုက်ခိုက်မှုတွေကြောင့် ဧပြီလအတွင်း ပြည်သူ ၅ ဦးသေဆုံးခဲ့တယ်လို့...
May 1, 2026
ကရင်နီပြည်၊ ဖားဆောင်းမြို့နယ်၊ မော်ချီးဒေသမှာ ယခုရက်ပိုင်းအတွင်း ခဲစျေး ထပ်မံကျဆင်းနေတာကြောင့်...