မောင်တောမြို့နယ်တောင်ပိုင်းတွင် ဓါးပြခေါင်းဆောင် အဒူလာကိန်း၏ အစ်ကို ဖြစ်သူအား ဖမ်းဆီးရမိ

မောင်တောမြို့နယ်တောင်ပိုင်းတွင် ဓါးပြခေါင်းဆောင် အဒူလာကိန်း၏ အစ်ကို ဖြစ်သူအား ဖမ်းဆီးရမိ
by -
နိရဥ္စရာ
မောင်တောမြို့နယ်တောင်ပိုင်း ဆူရာခါလီ ကျေးရွာတွင် လုပ်သေနတ်တစ်လက်ဖြင့် ဖမ်းမိသူမှာ နာမည်ကြီး ဓါးပြခေါင်းဆောင် အဒူလာကိန်း၏ အစ်ကိုတော်စပ်သူ အဒူရာ (၅၀) နှစ် (ဘ) ဇာနာလီ ဖြစ်ကြောင်း သိရသည်။

njr0901 1သူ့အား မေလ ၈ ရက် ည ၉ နာရီ အချိန်တွင် ဒုရဲအုပ် သန်းထွန်းဝင်း ဦးစီးအဖွဲ့နှင့် ကျေးရွာကာကွယ်ရေး အဖွဲ့ဝင်များမှ သတင်းအရ သူတို့အား ဆူရာခါလီ ကျေးရွာသို့ ရွာ၏ အရှေ့ဘက်မှ ၀င်ရောက်လာစဉ် ၀ိုင်းဝန်းဖမ်းဆီး မိခဲ့ခြင်း ဖြစ်သည်ဟု နယ်ခြားစောင့်ရဲက ပြောသည်။

ကျန်ဓားပြအဖွဲ့ဝင် နှစ်ဦးမှာ ထွက်ပြေး လွတ်မြောက်သွားကြောင်း သိရသည်။

အဒူလာကိန်း၏ အစ်ကိုတော်စပ်သူ အဒူရာထံမှ ကျည်မပါဘဲ လုပ်သေနတ် တစ်လက် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

အဒူရာကို ဖမ်းဆီးရမိချိန်တွင် ကျေးရွာသားတချို့က ၀ိုင်းဝန်းရိုက်နှက်ခဲ့သဖြင့် ၎င်း၏ ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ပြီး ယခုအခါ မောင်တောဆေးရုံကို တင်ပို့ထားလိုက်ရသည်ဟု သိရသည်။

အင်းဒင်နယ်ခြားစောင့် စခန်းမှူး ရဲအုပ် အေးမင်းထွန်းမှ မှုခင်း ဆေးစာရေးသားပြီး အဒူရာအား မောင်တောမြို့နယ် ဆေးရုံသို့ ပို့ဆောင်ပြီး ကိုးတန်ကောက်စခန်းမှူး ဝေလင်းမှ ဥပဒေနှင့် အညီ အမှုဖွင့် ဆောင်ရွက်နေကြောင်း သိရှိရသည်။

အဒူရာ၏ ညီဖြစ်သူ အဒူလာကိန်းသည် မောင်တောမြို့နယ်တောင်ပိုင်း သဝင်ချောင်း၊ ဂွဆုံ၊ ဆူရာခါလီစသည့် ကျေးရွာများတွင် မကြာခဏ ပြစ်မှုကျူးလွန်လေ့ရှိသည့် ဓားပြအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်ပြီး သူနှင့် မတည့်သူ ဘင်္ဂလီအများအပြားကို သတ်ဖြတ်ပစ်ခဲ့သဖြင့် ရဲက အထူးအလိုရှိသော သူ ဖြစ်ကြောင်း သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...