မေလ ၁၀ ရက်နေ့ ကျင်းပမည့် ANP အစည်းအဝေးတွင် ပင်လုံညီလာခံ အပါအဝင် အဓိက အကြောင်းအရာ သုံးရပ်ကို ဆွေးနွေးမည်

မေလ ၁၀ ရက်နေ့ ကျင်းပမည့် ANP အစည်းအဝေးတွင် ပင်လုံညီလာခံ အပါအဝင် အဓိက အကြောင်းအရာ သုံးရပ်ကို ဆွေးနွေးမည်
by -
နိရဥ္စရာ
ရခိုင်အမျိုးသားပါတီ ANP ၏ ဗဟိအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးကို လာမည့် မေ ၁၀ ရက်နေ့တွင် ပြုလုပ်မည် ဖြစ်ရာ ပင်လုံညီလာခံသို့ တက်ရောက်/ မတက်ရောက်ကိစ္စ အပါအဝင် အကြောင်းအရာသုံးရပ်ကို အဓိကထား ဆွေးနွေးမည် ဖြစ်ကြောင်း ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က နိရဥ္စရာသတင်းဌာနသို့ ပြောသည်။

ဆွေးနွေးမည့် အဓိက အကြောင်းအရာ သုံးရပ်မှာ လာမည့် မေလ ၂၄ ရက်နေ့တွင် ကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်ရောက်ရေး/ မတက်ရောက်ရေးကိစ္စ၊ လွှတ်တော်ရေးရာများကိစ္စရပ်များနှင့် ရခိုင်အမျိုးသားပါတီ ညီလာခံ ကျင်းပပြုလုပ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးသွားမည်ဟု ပြောဆိုသည်။

ANP ပါတီ၏ ဗဟိုအလုပ်အမှုဆောင် ကော်မတီ အစည်းအား စစ်တွေမြို့ ဌာနချုပ်တွင် မေလ ၁၀ ရက် တစ်ရက်တည်းသာ ပြုလုပ်မည် ဖြစ်ကြောင်း သိရှိရသည်။

လာမည့် မေလ ၂၄ ရက်နေ့တွင် ကျင်းပပမည့် တတိယ အကြိမ်မြောက် ပင်လုံညီလာခံနှင့် ပတ်သက်ပြီး ရခိုင်ပြည်နယ် တွင် ပြည်နယ် အဆင့် နိုင်ငံရေးဆွေးနွေးပွဲ လုပ်ခွင့်မရသဖြင့် ခွဲခြားဆက်ဆံမှုများ ရှိနေသည်ဟု ဆိုကာ ရခိုင်နိုင်ငံရေး ပါတီများ အကြား မကျေမနပ်မှုများ ဖြစ်ပေါ်နေကြောင်း သိရသည်။

အစိုးရနှင့် ပြည်နယ် အဆင့် ငြိမ်းချမ်းရေး ရယူထားသော ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ အနေဖြင့်လည်း NCA လက်မှတ်ရေးထိုးထားလင့်ကစား ပြည်နယ် အဆင့် အမျိုးသားနိုင်ရေး ဆွေးနွေးပွဲ ပြုလုပ်ခွင့်မရသဖြင့် လာမည့် ၂၁ ရာစု ပင်လုံညီလာခံသို့ တက်/ မတက်ကို နိုင်ငံရေး ပါတီများ၊ အရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် တိုင်ပင်ပြီးမှ ဆုံးဖြတ်မည် ဖြစ်ကြောင်း မေလ ၆ ရက်နေ့က သဘောထား ထုတ်ပြန်ထားသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...