Published
Monday, May 08, 2017
ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် စစ်တွေတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်
ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ မြန်မာ အစိုးရသို့ မတ်လတွင် တင်ပြခဲ့သည့် ကြားဖြတ် အစီရင်ခံစာပါ အကြံပြုချက်များနှင့် ပတ်သက်ပြီး သတင်းစာ ရှင်းလင်းပွဲ တစ်ခုကို စစ်တွေမြို့တွင် ပြုလုပ်သွားမည်ဟု သတင်းရရှိသည်။
၎င်းသတင်းစာရှင်းလင်းပွဲကို မေလ ၉ ရက် အင်္ဂါနေ့ မွန်းလွဲ ၁ နာရီ ၃၀ မှ ၂ နာရီ ၃၀ ထိ စစ်တွေဟိုတယ်တွင် ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။







