ရခိုင်အမျိုးသားနေ့ကျင်းပရေး (ရန်ကုန်) သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်

ရခိုင်အမျိုးသားနေ့ကျင်းပရေး (ရန်ကုန်) သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်
by -
နိရဥ္စရာ
(၄) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို ရန်ကုန်၌ ကျင်းပရေးနှင့် ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲကို မေလ ၈ ရက်နေ့ ညနေ ၃ နာရီတွင် ရန်ကုန်တိုင်းဒေသကြီး ဗဟန်းမြို့နယ် ရွှေတိဂုံ အရှေ့မုဒ်အနီးရှိ ရခိုင် ဓမ္မာရုံတွင် ကျင်းပ ပြုလုပ်သွားမည် ဖြစ်သည်။

သတင်းစာရှင်းလင်းပွဲတွင် ရန်ကုန်တိုင်းဒေသကြီး ရခိုင်တိုင်းရင်းသားရေးရာ ၀န်ကြီး ဦးဇော်အေးမောင်ကိုယ်တိုင် တက်ရောက် ရှင်းလင်းမည် ဖြစ်ကြောင်း သိရသည်။

သတင်းသမားများ တက်ရောက် ရယူကြပါရန် ဖိတ်ခေါ်အပ်ပါကြောင်း ကျင်းပရေး ဦးဆောင်ကော်မတီ ဦးအေးမြင့်က ပြောသည်။

ကဆုန်လပြည့်ကျော် ၁ရက်နေ့တွင် ကျရောက်သည့် (၄) ကြိမ်မြောက် ရခိုင်အမျိုးသားနေ့ကို စစ်တွေမြို့၊ ရန်ကုန်၊ကော့သောင် အပါအဝင် ရခိုင်ပြည်မှ မြို့အများအပြားတွင် ကျင်းပ ကြမည် ဖြစ်ကြောင်း သတင်းရရှိသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...