ကိုအမ်းသားကြီးသည် မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့အား ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခံရပြီး နောက်တစ်ရက် ဧပြီ ၁၁ ရက်နေ့တွင် မြောက်ဦးမြို့ မြတန်ဆောင်း ကျောင်း၌ ပြုလုပ်သော စာပေ ဟောပြောပွဲတွင် “ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်းစဉ် ဖြင့် တက်ရောက်ဟောပြောခဲ့သည်။
နိရဥ္စရာ သတင်းဌာနမှ ယနေ့ နေ့လယ် ၁၂ နာရီခန့်က အဆိုပါ ကိစ္စနှင့် ပိုမို သိရှိနိုင်ရန် မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိက “ အမ်းသားကြီးကို မြောက်ဦးမြို့ စခန်းတွင် အမှုဖွင့်ထားကြောင်း၊ အမှုမှာ တရားခံပြေးအမှုနှင့် ဖွင့်ထားခြင်း ဖြစ်ကြောင်း” ပြောကြားသည်။
ကိုအမ်းသားကြီးအား ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။
ကိုအမ်းသားကြီးသည် မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်မတော် (AA CUP) လူငယ် ဘောလုံးပွဲ ပြိုင်ပွဲ ကျင်းပသဖြင့် ဖမ်းဆီးခံရသည့် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း ပြီးနောက် နောက်ထပ် အမှုဖွင့် တရားစွဲဆိုခံထားရသူ ဖြစ်ပြီး ယခုအချိန်ထိ သူ့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် တရားခံပြေး အဖြစ် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။







