“ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်စဉ်ဖြင့်ဟောပြောသူ ကိုအမ်းသားကြီးကို တရားခံပြေးအဖြစ် အမှုဖွင့်

“ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်စဉ်ဖြင့်ဟောပြောသူ ကိုအမ်းသားကြီးကို တရားခံပြေးအဖြစ် အမှုဖွင့်
by -
နိရဥ္စရာ
သင်္ဂဟ ကမ်းလက်ရက္ခိတ လူမှုအဖွဲ့အစည်းကို တည်ထောင်သူ ကိုအမ်းသားကြီအား မြောက်ဦးစခန်းတွင် တရားခံပြေး အဖြစ် မြောက်ဦးမြို့ရဲစခန်းတွင် အမှုဖွင့်ထားကြောင်း သတင်းရရှိသည်။

ကိုအမ်းသားကြီးသည် မြတန်ဆောင်ဆရာတော်နှင့် ခိုင်နီမင်းတို့အား ဧပြီလ ၁၀ ရက်နေ့က ဖမ်းဆီးခံရပြီး နောက်တစ်ရက် ဧပြီ ၁၁ ရက်နေ့တွင် မြောက်ဦးမြို့ မြတန်ဆောင်း ကျောင်း၌ ပြုလုပ်သော စာပေ ဟောပြောပွဲတွင် “ တော်လှန်ရေးမှ အပ တစ်ခြားမရှိ” ခေါင်းစဉ် ဖြင့် တက်ရောက်ဟောပြောခဲ့သည်။

နိရဥ္စရာ သတင်းဌာနမှ ယနေ့ နေ့လယ် ၁၂ နာရီခန့်က အဆိုပါ ကိစ္စနှင့် ပိုမို သိရှိနိုင်ရန် မြောက်ဦးမြို့မရဲစခန်းသို့ ဆက်သွယ်မေးမြန်းခဲ့ရာ တာဝန်ကျ ရဲအရာရှိက “ အမ်းသားကြီးကို မြောက်ဦးမြို့ စခန်းတွင် အမှုဖွင့်ထားကြောင်း၊ အမှုမှာ တရားခံပြေးအမှုနှင့် ဖွင့်ထားခြင်း ဖြစ်ကြောင်း” ပြောကြားသည်။

ကိုအမ်းသားကြီးအား ဆက်သွယ်ရာ ဖုန်းပိတ်ထားသဖြင့် အဆက်အသွယ် မရရှိခဲ့ပါ။

ကိုအမ်းသားကြီးသည် မြောက်ဦးမြို့တွင် ရက္ခိုင့်တပ်မတော် (AA CUP) လူငယ် ဘောလုံးပွဲ ပြိုင်ပွဲ ကျင်းပသဖြင့် ဖမ်းဆီးခံရသည့် မြတန်ဆောင်းဆရာတော်နှင့် ခိုင်နီမင်း ပြီးနောက် နောက်ထပ် အမှုဖွင့် တရားစွဲဆိုခံထားရသူ ဖြစ်ပြီး ယခုအချိန်ထိ သူ့ကို ဖမ်းဆီးနိုင်ခြင်း မရှိသေးသဖြင့် တရားခံပြေး အဖြစ် အမှုဖွင့်ထားခြင်း ဖြစ်ကြောင်း သိရှိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...