လေမုန်တိုင်းကြောင့် ပျက်စီးသွားသော ပေါက်လေရွာသိမ်တော် ပြန်လည် ပြုပြင်ရန် အကူအညီလိုအပ်နေ

လေမုန်တိုင်းကြောင့် ပျက်စီးသွားသော ပေါက်လေရွာသိမ်တော် ပြန်လည် ပြုပြင်ရန် အကူအညီလိုအပ်နေ
by -
နိရဥ္စရာ
ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ် ပေါက်လေတောင်ကျေးရွာ ရွာဦးဘုန်းတော်ကြီးကျောင်းအနီး တည်ထား ကိုးကွယ်ထားသည့် ဘုရားသိမ်တော်သည် လေမုန်တိုင်းဒဏ်ကြောင့် ပျက်စီးသွားသည်မှာ အချိန်ကြာမြင့်နေပြီ ဖြစ်သော်လည်း ရွာသားများ ပြန်လည် ပြုပြင်ရန် မတတ်နိုင်သဖြင့် အကူအညီ လိုအပ်နေကြောင်း သတင်း ရရှိသည်။

“ ရပ်သူရွာသားတွေအနေနဲ့ မတတ်နိုင်တဲ့ အတွက် အခုအချိန်ထိ ပြန်မပြင်နိုင်သေးဘဲ ဖြစ်နေပါတယ်။ ဒီအတွက် သဒ္ဓါကြည်လင် ဗုဒ္ဓဘာသာဝင်ပါရမီရှင်များကို တတ်နိုင်ဆုံး ကူညီ လှူဒါန်းကြဖို့ တိုက်တွန်းနိုးဆော်လိုပါတယ်” ဟု သိမ်တော်ပြန်လည် ပြုပြင် မွန်းမံမည့် အကျိုးတော်ဆောင် ဦးအေးသိန်းက ပြောသည်။

၎င်းဘုရားသိမ်တော်မှာ ၂၀၀၁ ခုနှစ်ကတည်းက လေမုန်တိုင်းကြောင့် ပျက်စီးသွားခြင်း ဖြစ်ကြောင်း၊ ကျေးရွာသားများ ဆင်းရဲနွမ်းပါးသဖြင့် ပြန်မပြင်နိုင်ခြင်း ဖြစ်ကြောင်း၊ ယခုကဲ့သို့ နှစ်ပေါင်းများစွာ ပြန်မပြင်နိုင်ဘဲ မိုးထဲလေထဲ ပစ်ထားရာမှ သိမ်တော်၏ နံရံများရှိ အုတ်များမှာ ကြေမွ ဆွေးမြေ့နေပြီ ဖြစ်ကြောင်း၊ သိမ်တော်အား ပြန်လည် မွန်းမံ တည်ဆောက်မည်ဆိုပါက ကျပ်သိန်း ၅၀ နှင့် သိန်း ၁၀၀ ကြား လိုအပ်မည် ဖြစ်ကြောင်း သူက ဆက်လက် ပြောဆိုသည်။

သို့ဖြစ်ပါ၍ ၎င်းဘုရားသိမ်တော်အား ပြန်လည် တည်ဆောက်နိုင်ရေး အတွက် စေတနာ သဒ္ဓါတရား ထက်သန်စွာဖြင့် တတ်ကအားသရွေ့ အောက်ပါ ပုဂ္ဂိုလ်များမှ တစ်ဆင့် ဆက်သွယ် လှူဒါန်းပါ၀င်ကြရန် ဗုဒ္ဓဘာသာဝင်အပေါင်းတို့အား နိဗ္ဗာန် အကျိုး မျှော်ကိုး၍ တိုက်တွန်းနိုးဆော်အပ်ပါသည်။

သိမ်တော်အား လာမည့် အင်္ဂါနေ့ မေလ ၉ ရက်နေ့တွင် စတင် ကွန်ကရစ်တိုင်များထူထောင်ကာ ပြန်လည် မွန်းမံ တည်ဆောက်သွားမည်ဟု သိရသည်။

May 9, 2026
ရန်ကုန်မှစစ်တွေသို့လေကြောင်းကနေပြန်လာသည့် အမျိုးသားတစ်ဦးအပါအဝင် ကျေးရွာအချို့မှ မွတ်ဆလင် ၁၁...
May 8, 2026
အာရက္ခတပ်တော် အောင်မြင်ရတဲ့ အဓိကအချက်ထဲမှာ ပြည်သူတွေရဲ့ ထောက်ခံမှုနဲ့ အလွန်ရဲရင့်ပြီး...
May 7, 2026
ရခိုင်ပြည်၊ ဂွမြို့ကို အကြမ်းဖက်အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲခဲ့ကြောင်း သိရသည်။ မေလ...
May 6, 2026
မောင်စာဂ — ရခိုင်ပြည်တွင် ဆေးတက္ကသိုလ်နှင့် သူနာပြုသင်တန်းကျောင်းဖွင့်လှစ်ရန်ဆုံးဖြတ်ထားပြီး...