ဖားအံတွင် ဆန္ဒဖော်ထုတ်ရန် လူစုနေစဉ် လူငယ် ၃ ဦး အဖမ်းခံလိုက်ရ

ဖားအံတွင် ဆန္ဒဖော်ထုတ်ရန် လူစုနေစဉ် လူငယ် ၃ ဦး အဖမ်းခံလိုက်ရ

ကရင်ပြည်နယ်၊ ဖားအံမြို့၊ ကမ်းနားလမ်းတွင် ယနေ့နံနက် ၆ နာရီခန့်တွင် အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော် ထုတ်ရန် လူစုနေစဉ် လူငယ် ၃ ဦးကို ရဲများမှ ဝင်ရောက် ဖမ်းဆီးသွားကြောင်း ဖားအံမြို့ခံ လူငယ်တစ်ဦးမှ ကေအိုင်စီသို့ အတည်ပြုပြောဆိုသည်။

ဖားအံမြို့၊ ကမ်းနားလမ်းရှိ Welcome to Hpa An စာလုံးတည်ရှိရာ နေရာတွင် လူစုနေစဉ်အတွင်း ရဲများမှ လာရောက်၍ သေနတ်နှစ်ချက်ဖောက်၍ လူစုခွဲခိုင်းရာတွင် ဆန္ဒဖော်ထုတ်မည့် လူငယ်အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၂ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု မျက်မြင်သက်သေများက ဆိုသည်။

“ရဲတွေက ဒီမနက် အသံတွေ ဖောက်ပြီး လူစုခွဲခိုင်းကြတာ။ အဲ့မှာအဖမ်းခံထိသွားတာ။ ယောကျ်ားလေးကို လည်းရိုက်နှက်ပြီး အချုပ်ကားပေါ်တင်သွားကြတယ်လို့လည်း ကမ်းနားမှာနေတဲ့သူတွေက မြင်ကြတယ်” ဟု ဖားအံမြို့ခံ လူငယ်တစ်ဦးက ကေအိုင်စီသို့ပြောသည်။

ထို့အပြင် အဖမ်းခံရသည့် လူငယ်အမျိုးသားမှာ အသက်မပြည့်သေးကြောင်းနှင့် အမျိုးသမီးငယ် ၂ နှစ်ဦး မှလည်း ဆန္ဒဖော်ထုတ်မှု ပြီးခါနီးတွင် ရောက်လာရာမှ အဖမ်းခံလိုက်ရခြင်းဖြစ်သည်ဟု စုံစမ်းသိရှိရကြောင်း အဆိုပါ လူငယ်က ဖြည့်စွက်ပြောသည်။

အလားတူ ယမန်နေ့ မေလ၂၅ရက်နေ့ တွင်လည်း ဖားအံမြို့ ၏ ဖားအံ-လှိုင်းဘွဲ လမ်းဂွရှိ သပိတ်ခံတပ်ကို ရဲ နှင့် စစ်တပ်ပူးပေါင်း၍ ပစ်ခတ်ဖြိုခွဲခဲ့သလို ပစ်ခတ်မှုဖြိုခွဲမှုကြောင့် လူငယ်တစ်ဦးမှာလည်း ပေါင်ရင်း ကျည်ထိမှန်သွားကြောင်း သိရသည်။

May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...
May 12, 2026
ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာတချို့တို့တွင် ယခုနှစ်နွေရာသီ...