ကျောက်ဖြူ စစ်မျက်နှာကို စစ်တပ် အင်အားဖြည့်

ကျောက်ဖြူ စစ်မျက်နှာကို စစ်တပ် အင်အားဖြည့်

တိုက်ပွဲများရှိနေသော ကျောက်ဖြူမြို့နယ်တွင် အာဏာသိမ်းစစ်တပ်က အင်အားအလုံးအရင်း ထပ်မံ ဖြည့်တင်းနေပြီး တပ်ရင်း၊ ဌာနချုပ်အနီးပတ်ဝန်းကျင်နေရာများ၌ ဖြန့်ကျက်နေရာ ချထားကြောင်း သိရသည်။

လေကြောင်း၊ ရေကြောင်းတို့ အသုံးပြုပြီး အင်အားဖြည့်နေခြင်းဖြစ်ကာ ဓညဝတီရေ တပ်ဌာနချုပ်၊ အမှတ် (၃၂) ရဲတပ်ရင်းနှင့် သဘာဝဓာတ်ငွေ့ သန့်စင်သော (OGT) စက်ရုံအနီးဝန်းကျင်တို့တွင် ဖြန့်ကျက်ထားကြောင်း မြေပြင်အခြေအနေ သိရှိသူတစ်ဦးက ပြောသည်။

“စစ်တပ်ဘက်က လေကြောင်း၊ ရေကြောင်းကပါ အင်အားတွေ အများကြီး ဖြည့်တင်းပြီး သူတို့ တပ်စခန်းတွေမှာ တော်တော်များများ ဖြန့်ကျက်ထားတာကို တွေ့ရတယ်” ဟု ၎င်းက ပြောသည်။

စစ်တပ်က ကျောက်ဖြူစစ်မျက်နှာသို့ အင်အားဖြည့်တင်းရာ၌ စစ်သင်္ဘောများအပြင် ခရီးသည်တင် လေယာဉ်များကိုပါ အသုံးပြုကာ လူအင်အား၊ လက်နက်ခဲယမ်းများနှင့် စစ်ဘက်ဆိုင်ရာပစ္စည်းများကို ပို့ဆောင်နေသည်။

မေလ အစောပိုင်းအထိ စစ်တပ်ဘက်က စစ်ကြောင်းထိုးလှုပ်ရှားမှုများ မတွေ့ရဘဲ ယခင်ထိန်းချုပ်နယ် မြေများကိုပါ စွန့်ခွာနေရကာ နောက်တန်းတွင် အင်အားဖြည့်တင်းကာ ခံစစ်ပြင်ဆင်လာနေသည်။

အာဏာသိမ်းစစ်တပ်က မိုးလေဝသစခန်းတည်ရှိရာ မင်းပြင်ကျေးရွာအထိ နယ်မြေတိုးချဲ့ နိုင်ခဲ့သော်လည်း AA ၏ တန်ပြန်ထိုးစစ်များကြောင့် သိုင်းချောင်းကျေးရွာအထိ ပြန်လည်ဆုတ်ခွာခဲ့ရသည်။

လက်ရှိတွင် အာရက္ခတပ်တော်က မင်းပြင်၊ ရေနံတောင်၊ ချောင်းမြောင်နှင့် ဆင်ဘုတ်ကျေးရွာအုပ်စုအထိ ပြန်လည်ထိန်းချုပ်ထားကြောင်း မြေပြင်အခြေအနေသိရှိသူများထံမှ သိရသည်။

“ရှေ့က (ဧပြီလ) အလယ်လောက်မှာ တိုက်ပွဲတော်တော်ပြင်းခဲ့တယ်။ AA ဘက်က နယ်မြေတော် တော်များများ သိမ်းပိုက်လာနိုင်တာတွေလည်း ရှိခဲ့တယ်။ အခုတော့ တိုက်ပွဲမပြင်းထန်တာ တစ်ပတ်လောက် ရှိပြီ။ သူ့ဘက် ကိုယ့်ဘက် အင်အားဖြည့်နေတယ် ထင်တယ်” ဟု ကျောက်ဖြူဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

လက်ရှိ ကျောက်ဖြူတွင် လက်နက်ငယ် ပစ်ခတ်သံအချို့သာ အနည်းငယ်ကြားရပြီး နှစ်ဖက်အပြိုင် အင်အားဖြည့်ကာ တစ်ဖက်နှင့်တစ်ဖက် အကဲခတ်နေသည့် အခြေအနေကြောင့် မကြာမီ တိုက်ပွဲကြီး တစ်ခုဖြစ်လာနိုင်ကြောင်းလည်း မြေပြင်စစ်ရေးအခြေအနေ သိရှိသူများက သုံးသပ်ကြသည်။

အာဏာသိမ်းစစ်တပ်က AA ထိန်းချုပ်နယ်မြေများကို လေယာဉ်အုပ်စုဖြင့် ဗုံးကြဲမှုတိုးမြှင့် လုပ်လာနေပြီး မြေပြင်အခြေအနေတွင်လည်း စစ်တွေ၊ ကျောက်ဖြူစစ်ရေးက ပြင်းထန်လာမည့် အနေအထား တွေ့နေရသည်။

AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်က ရခိုင်ရှိ လက်ကျန်မြို့များကို ၂၀၂၇ ခုနှစ်‌ မကုန်မီ လက်စသတ်ပြီး အောင်ပွဲခံမည်ဟု ပြည်သူများကို ကတိပေးထားသည်။

September 10, 2026
ရခိုင်ပြည်၊ စစ်တွေမြို့၊ ဘောလုံးကွင်းရပ်ကွက်ရှိ လက်နက်ကြီး ကျရောက်ပေါက်ကွဲခဲ့သည့် အ.ထ.က (၄)...
Wai Hun Aung / စက်တင်ဘာလ ၄ ရက်နေ့က စစ်အုပ်စုတပ်၏ လက်နက်ကြီးနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် သမိုင်းဝင် ဂူဝဘုရား ထိခိုက်ပျက်စီးခဲ့ရစဉ်။
September 10, 2026
တိုက်ပွဲများ ဖြစ်ပွားနေသည့် ရခိုင်ဒေသတွင် စစ်အုပ်စုတပ်က အကာအကွယ်ပေးရမည့် ဥပဒေများကို ချိုး ဖောက်...
စစ်အုပ်စုတပ်၏ လက်နက်ကြီး ပစ်ခတ်လေ့ကျင့်မှုတစ်ခု။ / cincds
September 8, 2026
ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို စစ်အုပ်စုတပ်က ယခုရက်ပိုင်းအတွင်း လေကြောင်းမှ ဆက်တိုက်ဗုံးကြဲနေသည့်...
စစ်ရေးလေ့ကျင့်နေသည့် AA တပ်ဖွဲ့ဝင်အချို့ /DMG
September 8, 2026
စစ်အုပ်စုတပ်က စစ်တွေမြို့နယ်မှတစ်ဆင့် မင်းချောင်းတံတားကို ဖြတ်၍ ပုဏ္ဏားကျွန်းမြို့နယ်အတွင်းသို့...