ဒီးမော့ဆိုမှာ စက်သုံးဆီ ပြတ်လပ်မှုထပ်ဖြစ်

ဒီးမော့ဆိုမှာ စက်သုံးဆီ ပြတ်လပ်မှုထပ်ဖြစ်

ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ခြမ်းမှာ မနေ့က မေ ၇ ရက်ကစလို့ စက်သုံးဆီ ပြတ်လပ်မှုပြန်ဖြစ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။ မေလ အစပိုင်းမှာ တစ်လီတာ ၁၄၀၀၀ ကျပ်ကနေ ၈၀၀၀ ကျပ်အထိ ဓာတ်ဆီစျေးပြန်ကျလာခဲ့ပေမဲ့ အခုတော့ဆီပြတ်နေပြီလို့ ဒေသခံတွေက ပြောပါတယ်။

ကရင်နီကို ဆီတင်သွင်းနေရတဲ့ တောင်ငူမှာ ဆီဝယ်ရခက်တာကြောင့် ပြတ်လပ်တာလို့ ကုန်သည်အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ဒါပေမဲ့ ဆီပြတ်လတ်မှုအတွက် စိုးရိမ်မှုမလွန်ကြဖို့ကိုလည်း အဆိုပါအမျိုးသမီးက အခုလိုပြောပါတယ်။

“ထပ်လာအုံးမှာပါ။ တအားလဲ မပူကြနဲ့။ တချို့က တအားပူတော့ အဝယ်တအားလိုက်တော့၊ ဆီကကုန်တာပိုမြန်နေတော့ စျေးကွက်တွေ ကစားကြတာ။ နောက်လာမဲ့ဟာလည်း တက်ရင် နဲနဲလောက်ပဲထင်တယ်။ တအားမတက်ဘူး” လို့ ပြောပါတယ်။

စက်သုံးဆီ ဝယ်လိုအားများတာကြောင့် စျေးကွက်မငြိမ်တော့ပဲ ဆီစျေး အတက်အကျမြန်သလို၊ ပြတ်လပ်မှုလည်း မြန်နေတယ်လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။ မနေ့က အထိတော့ ဓာတ်ဆီတစ်လီတာ ၈၅၀၀ နဲ့ ပြန်ရပေမဲ့ အရောင်းဆိုင်တော်တော်များများက ပိတ်ထားတာကြောင့် ဆီဝယ်လို့မရတော့ကြောင်းကိုလည်း စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ ကမ္ဘာ့ဆီတင်ပို့မှုရဲ့ ၅ ပုံ ၁ ပုံရှိတဲ့ ဟောမုဇ်ရေလက်ကြားမှာ အမေရိကန်နဲ့ အီရန်တို့ကြား တင်းမာမှုတွေရှိနေဆဲ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဧပြီလ ၇ ရက်နေ့မှာ နှစ်ဖက်နိုင်ငံက သီတင်းနှစ်ပတ်ကြာ အပစ်ရပ်ဖို့ သဘောတူညီချက်ယူထားပေမဲ့ ရေလက်ကြားမှာ အပြန်အလှန်ပစ်ခတ်မှု ထပ်ရှိနေပါတယ်။

ဓါတ်ပုံ – (ဒီးမော့ဆိုမြို့နယ် အရှေ့ပိုင်းရှိ စစ်ဘေးရှောင် စာသင်ကျောင်းတစ်ကျောင်းကို တွေ့ရစဉ်။)
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် (အရှေ့ပိုင်း) ဒေသအတွင်း ဖွင့်လှစ်ထားသည့် စာသင်ကျောင်းအချို့ကို...
September 10, 2026
ကရင်နီပြည်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ရှောင်စခန်း စာသင်ကျောင်းတစ်ခုတွင် ကျောင်းလခ...
September 9, 2026
ကရင်နီပြည်၊ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းရှိ စစ်ဘေးရှောင်များ စုပေါင်းနေထိုင်ရာ စခန်းတစ်ခုတွင်...
စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ပျက်စီးသွားသော နေအိမ်များ။ / Crd
September 7, 2026
ကရင်နီပြည်၊ ရှားတော (ဆိုမိုဖရေစိုးလေး) မြို့နယ်နှင့် လွိုင်ကော်မြို့နယ် အရှေ့ဘက်ခြမ်းရှိ...