မော်လူးစစ်ကြောင်းဝင်ရောက်ချိန် အရပ်သား ၅ ဦးသေဆုံး

မော်လူးစစ်ကြောင်းဝင်ရောက်ချိန် အရပ်သား ၅ ဦးသေဆုံး

စစ်ကိုင်းတိုင်း ကချင်ပြည်နယ်ဝင်ပေါက်က မော်လူးမြို့ကို စစ်တပ်ကဝင်ရောက်ထိန်းချုပ်ဖို့ကြိုးစားခဲ့တဲ့ ရက်ပိုင်းအတွင်းအရပ်သား ၅ ဦးသေဆုံးခဲ့ရတယ်လို့ ဒေသခံတွေနဲ့ စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါ တယ်။

ဒေသခံတစ်ဦးရဲ့ ပြောပြချက်အရ အင်းတော်မြို့ကနေ မော်လူးမြို့ကို စစ်တပ်စစ်ကြောင်းဝင်ရောက်လာတဲ့ မေလ ၂ ရက်နေ့ကနေ ၅ ရက်နေ့အထိ တိုက်ပွဲဖြစ်ပွားတာ၊ စစ်ကြောင်းဝင်လာချိန် စစ်တပ်ဘက်က လက်နက်ကြီးပစ်ခတ်တာတွေကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

“စီပိန်းရွာမှာဆို ဒရုန်းနဲ့လက်နက်ကြီးကျလို့ နှစ်ယောက်ပေါ့နော်။ ၃ ရက်နေ့က တုံးလုံရွာမှာဆို လက်နက်ကြီးကျလို့ လင်မယား နှစ်ယောက်သေတယ်။ ဖားပန့်မှာလည်း လက်နက်ကြီးကျလို့ အမျိုးသားတစ်ယောက်သေတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မေလ ၅ ရက်နေ့ မနက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေဟာ အင်းတော်မြို့ဘက်ကနေ မော်လူးမြို့ထဲဝင်ရောက်ထိန်းချုပ်ခဲ့ပြီးနောက် မော်လူးမြို့နဲ့ ၆ မိုင်ခန့်အကွာမှာရှိတဲ့ ကချင်ပြည်နယ် နန့်စီးအောင်မြို့ဘက်ကို ဆက်လက်ထွက်ခွာသွားခဲ့တာဖြစ်ပါတယ်။

အဲ့ဒီနောက် နန့်စီးအောင်ဘက်မှာရှိတဲ့ စစ်ကောင်စီတပ်တွေနဲ့ စစ်ကြောင်းပူးပေါင်းသွားခဲ့တယ်လို့ စစ်ရေးသတင်းရင်းမြစ်တွေက ဆိုပါတယ်။

မော်လူးဒေသဟာ အရင်က တိုက်ပွဲကြောင့် အစုလိုက်အပြုံလိုက် စစ်ရှောင်ရတဲ့ဒေသမဟုတ်ဘဲ လေကြောင်းတိုက်ခိုက်မှုရှိချိန် သက်ကြီးရွယ်အိုတချို့သာ ခေတ္တရှောင်တိမ်းတာမျိုးရှိခဲ့ပေမယ့် အခုစစ်ကြောင်းဝင်လာချိန်မှာတော့ ဒေသခံအများအပြား ဘေးလွတ်ရာတွေကို ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံ‌တွေဆိုပါတယ်။

“စစ်ကြောင်းဝင်လာတာဆိုပြီး စစ်ရှောင်ရတာ ဒါပထမဆုံးပဲ။ အခုကတော့ ရေရှည် ရှောင်ကြရတာပေါ့နော်။ သာမန်ပြည်သူတွေ ကတော့ တချို့တဝက်ပြန်နေကြမယ်ထင်တယ်။ လက်ရှိတော့မပြန်ကြသေးဘူး။ အရပ်သားတွေကတော့ ဘေးလွှတ်ရာပဲရှောင် ကြတယ်”လို့ ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

လက်ရှိမှာတော့ စစ်တပ်စစ်ကြောင်းတွေဟာ ထီးချိုင့်–ကသာ–အင်းတော်–မော်လူး လမ်းပိုင်းတစ်လျှောက် အဓိကလမ်းကြောင်းတွေ ကို စစ်အင်အားအများအပြားနဲ့ ထိန်းချုပ်ထားပြီး စစ်ကိုင်းနဲ့ ကချင်အစပ်ဒေသတွေမှာ စစ်ရေးတင်းမာမှု ဆက်လက်မြင့်တက်နေ တယ်လို့ သိရပါတယ်။

၂၀၂၆ ခုနှစ် နှစ်ဆန်းပိုင်းကစလို့ စစ်မှုမထမ်းမနေရဥပဒေကနေ စုဆောင်းခဲ့တဲ့ အင်အားတွေနဲ့ စစ်ဆင်ရေးတွေပြန်လုပ်လာတဲ့ စစ်တပ်ဟာ မန္တလေးတိုင်းထဲက တော်လှန်ရေးအင်အားစုတွေသိမ်းပိုက်ထားတဲ့ စဥ့်ကူး၊ သပိတ်ကျင်း၊ တကောင်းအပါအဝင် စစ်ကိုင်းတိုင်းထဲက ထီးချိုင့်၊ ဗန်းမောက်မြို့ နဲ့ အင်းတော်၊ မော်လူး မြို့တို့ကိုပါ ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပြီဖြစ်ပါတယ်။

August 22, 2026
ကချင်ပြည်၊ ရွှေကူမြို့နယ်အတွင်း ဩဂုတ်လ ၂၀ ရက်နေ့အထိ စစ်အုပ်စုတပ်၏ လေကြောင်းတိုက်ခိုက်မှုများ...
ဓာတ်ပုံ –  KIA နှင့် ပြည်သူများကြား ညှိနှိုင်းမှုများ ပြုလုပ်နေစဉ်။
August 21, 2026
ရှမ်းပြည် မြောက်ပိုင်း၊ မူဆယ်-နမ့်ခမ်းသွား လမ်းပေါ်ရှိ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဂိတ်ကို...
မန္တလေး-မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း မော်တော်ယာဉ်များ ပိတ်ဆို့နေသည့် မြင်ကွင်း။
August 21, 2026
မန္တလေး - မြစ်ကြီးနား လမ်းပိုင်း၊ အင်းတော်မြို့နယ်အတွင်း ယာဉ်များ ပုံမှန် အသုံးပြုနေသည့်...
ဓာတ်ပုံ - (မြစ်ကြီးနား - မန္တလေး ကားလမ်းပေါ်ရှိ မော်လူးဂိတ်)
August 19, 2026
မန္တလေးမြို့မှ မြစ်ကြီးနားမြို့သို့ ကုန်စည်သယ်ယူရာတွင် အသုံးပြုနေရသည့် ကွင်းလမ်းများ၌...