ဖားအံတွင် ပစ်ခတ်ဖြိုခွင်းမှုများရှိသော်လည်း လူငယ်များ ပြောက်ကျားဆန္ဒထုတ်ဖော်ခဲ့

ဖားအံတွင် ပစ်ခတ်ဖြိုခွင်းမှုများရှိသော်လည်း လူငယ်များ ပြောက်ကျားဆန္ဒထုတ်ဖော်ခဲ့

ယနေ့ မနက်အစောပိုင်းတွင် ဖားအံမြို့၌ လူငယ်သပိတ်ခံတပ်ကို ရဲနှင့်စစ်သားများမှလာရောက် ပစ်ခတ်ဖြိုခွင်း ခံခဲ့သော်လည်းလူငယ်များစုဝေးပြီး နောက်ထပ်နေရာ (၆)နေရာ၌ ပြောက်ကျားဆန္ဒဖော်ထုတ်နိုင်ခဲ့ကြကြောင်း သိရသည်။

ယနေ့ မနက် ၇နာရီခန့်က ဖားအံမြို့၊ လမ်းဂွတွင် လူငယ်များသပိတ်ခံတပ်ပြုလုပ်ထားခြင်းကို စစ်တပ်နှင့်ရဲ များမှ ဝင်ရောက်ပစ်ခတ်ဖြိုခွင်းမှုပြုပြီးနောက် ဖားအံမြို့၏အခြားအထင်ကရ နေရာ(၆)နေရာခန့်တွင် လူငယ်များမှ အနည်းငယ်စုဝေး၍ ပြောက်ကျားပုံစံဆက်လက် ဆန္ဒဖော်ထုတ်ခဲ့ကြပြီး လူစုခွဲလိုက်သည်ဟု ဖားအံမြို့ခံ လူငယ်တစ်ဦးက အတည်ပြု ပြောဆိုသည်။

သပိတ်ခံတပ် ပစ်ခတ်ဖြိုခွင်းခံရမှု ဖြစ်စဉ်တွင် လူငယ်တစ်ဦး ပေါင်ရင်းကျည်ဆံထိမှန်ခဲ့သလို ဆန္ဒပြ လူငယ်များ၏ ဆိုင်ကယ်များကိုလည်း ရဲများမှ သိမ်းဆည်းသွားကြောင်း ဆန္ဒဖော်ထုတ်မှုတွင် ပါဝင်သည့် လူငယ်များက ပြောသည်။

ပေါင်ရင်းကျည်ဆံထိမှန်သွားသည့် လူငယ်မှာလည်း လုံခြုံသည့်နေရာတွင် ခွဲစိတ်မှုပြုလုပ်ခဲ့ရာ အောင်မြင် ကြောင်းနှင့် အသက်အန္တရာယ်မစိုးရိမ်ရကြောင်း နီးစပ်သူများက ကေအိုင်စီသို့ အတည်ပြုပြောဆိုခဲ့သည်။

အလားတူ ဖားအံမြို့အနီး အိန္ဒုကျေးရွာ၌လည်း ဖားအံသပိတ်ခံတပ်ဖြိုခွင်းခံရပြီးနောက်ပိုင်း လူငယ်များစုရုံး ဆန္ဒဖော်ထုတ်မှုပြုလုပ်ခဲ့သေးသည်။

လက်ရှိတွင် လှိုင်းဘွဲမြို့အဝင်အထွက်လမ်းများတွင် စစ်ကောင်စီ၏ လုံခြုံရေးတပ်ဖွဲ့ဝင်များမှ လမ်းများ ပိတ်ဆို့တားမြစ်မှုများပြုလုပ်နေကြောင်း ဒေသခံသတင်းအရင်းအမြစ်များက ဆိုသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...