မြဝတီတွင် ဘဏ်တစ်ချို့ ပြန်ဖွင့်ပြီး ဘဏ်အကောင့်တစ်ခုကို တစ်ပတ်လျှင် သိန်း ၂၀ သာ ထုတ်ခွင့်ပြု

မြဝတီတွင် ဘဏ်တစ်ချို့ ပြန်ဖွင့်ပြီး ဘဏ်အကောင့်တစ်ခုကို တစ်ပတ်လျှင် သိန်း ၂၀ သာ ထုတ်ခွင့်ပြု

စစ်အာဏာသိမ်းပြီးနောက် ကရင်ပြည်နယ် မြဝတီမြို့တွင် ၂ လ နီးပါး  ပိတ်ထားသော ပုဂ္ဂလိက ဘဏ်တစ်ချို့  ပြန်လည်ဖွင့်ထားသည်ဆိုသော်လည်း ဘဏ်အပ်ငွေများသာ စိတ်ကြိုက်အပ်နှံခွင့်ရှိပြီး ငွေထုတ်ရန်အတွက်ကိုမူ ဘဏ်အကောင့်တစ်ခုကို (၇) ရက် တစ်ပတ်လျှင် ကျပ် သိန်း (၂၀) သာ ထုတ်ခွင့်ပေးထားကြောင်း သိရသည်။

မြဝတီမြို့တွင် ဘဏ်ပေါင်း ၁၀ ခု ကျော်ရှိသည့်အနက် ကမ္ဘောဇဘဏ်ခွဲ (၃) ၊ ရိုးမဘဏ်၊ ကမ္ဘာ့ရတနာဘဏ်၊ မြဝတီဘဏ်နှင့် မြန်မာ့စီးပွားရေးဘဏ်တို့သာ ယမန်နေ့ (မတ်လ ၂၂ ရက်)မှစ၍ အချိန်အကန့်အသတ်ဖြင့် ဖွင့်ထားပြီး ဘဏ်လုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်သည်။

ယခုလို ဘဏ်များပြန်ဖွင့်ခြင်းသည်  ပြည်သူများ ငွေကြေးလည်ပတ်မှုရှိစေရန် ရည်ရွယ်ပြီး ဆောင်ရွက်ခြင်းဖြစ်သည်ဟု မြဝတီမြို့ အမှတ် ၄ ရပ်ကွက် အာရှလမ်းမရှိ ကမ္ဘောဇဘဏ်ခွဲ (၃) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

“လက်ရှိအချိန်မှာတော့ ပြည်သူတွေအနေနဲ့ ဘဏ်သွင်းငွေကို အကန့်အသတ်မရှိ အပ်နှံနိုင်ပြီး အပ်နှံပြီးငွေထုတ်သူများအနေဖြင့်

၇ ရက် တစ်ပတ်ကို ကျပ်သိန်း (၂၀) သာ ထုတ်ခွင့် ပြုထားပါတယ်။ ဒါကလည်း မြန်မာနိုင်ငံ ဗဟိုဘဏ်နဲ့ ပုဂ္ဂလိကဘဏ်များ သဘောတူညီချက်အရ ယခုကာလမှာ ဆောင်ရွက်နေတာဖြစ်တယ်” ၎င်းက ပြောသည်။

မြဝတီမြို့သည် နယ်စပ်မြို့ဖြစ်သည့်အတွက် ထိုင်း-မြန်မာ ငွေလွှဲလုပ်ငန်းများလည်းရှိရာ ယခုအချိန်တွင် ဖွင့်ထားသော ဘဏ်များမှာ   မှတ်ပုံတင်နံပါတ်ဖြင့် ငွေလွှဲခြင်းကို လက်ခံဆောင်ရွက်ခြင်း မရှိသေးသည့်အတွက် wave money စနစ် ဖြင့်သာ ငွေလွှဲဆောင်ရွက်နေရသည် ဟု မြဝတီမြို့မှငွေလွှဲလုပ်ငန်းရှင်တစ်ဦး၏ ပြောကြားမှုမှ သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...