မြဝတီဈေးသပိတ်တွင် ပါဝင်သူများအား ရပ်ကွက်နေအိမ်အထိ ရှာဖွေဖမ်းဆီးမှုပြုလုပ်၊ လူ ၄၀ ဝန်းကျင်ခန့် အဖမ်းခံထားရ

မြဝတီဈေးသပိတ်တွင် ပါဝင်သူများအား ရပ်ကွက်နေအိမ်အထိ ရှာဖွေဖမ်းဆီးမှုပြုလုပ်၊ လူ ၄၀ ဝန်းကျင်ခန့် အဖမ်းခံထားရ

ကရင်ပြည်နယ် မြဝတီမြို့ အမှတ် ၁ ရပ်ကွက် မိုးကုတ်ဈေးတွင် ယနေ့ မနက် ၈ နာရီခန့်က စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်မှုများ ပြုလုပ်ခဲ့ရာတွင် ပါဝင်သူများအား ရဲနှင့်အုပ်ချုပ်ရေးအဖွဲ့က ရပ်ကွက်တွင်းနေအိမ်ထိ ရှာဖွေဖမ်းဆီးလျက်ရှိပြီး  ဖမ်းဆီးခံရသူ လူ ၄၀ ဝန်းကျင်ခန့်ရှိကြောင်း သိရသည်။

ယနေ့ မတ်လ ၂၀ ရက် နံနက် ၈ နာရီအချိန်ခန့်က မိုးကုတ်ဈေးအတွင်း ဈေးရောင်းဈေးဝယ်သူ တစ်ချို့မှ စစ်အာဏာရှင်ဆန့်ကျင်ရေးအဖြစ် လက်သုံးချောင်းထောင်ကာ ၁၀မိနစ်ခန့် ဆန္ဒဖော်ထုတ်ခဲ့ကြပြီးနောက် လူစုခွဲခဲ့ကြသည်။

ထိုသို့ ဆန္ဒဖော်ထုတ်မှုကြောင့် ပါဝင်သူများကို ရဲတပ်ဖွဲ့နှင့် အုပ်ချုပ်ရေးအဖွဲ့မှ ရပ်ကွက်တွင်း နေအိမ်များထိ လိုက်လံဖမ်းဆီးမှုများ ပြုလုပ်ခဲ့ရာ ယနေ့ မွန်းလွဲ၁ နာရီထိနောက်ဆုံးသတင်းအရ လူ ၄၀ ဝန်းကျင်ခန့် ဖမ်းဆီးခံထားရပြီး ယင်းတို့၏ အမှုကိစ္စနှင့်ပတ်သက်၍ မြဝတီမြို့ပြည်သူ့ရှေ့နေ အဖွဲ့မှ အခမဲ့ အမှုလိုက်ပါဆောင်ရွက်ပေးသွားမည်ဟု သိရသည်။ 

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...