မြဝတီ ဇရပ်ဖြူကုန်းရွာပစ်ခတ်မှုတွင် ဝှေ့ရှမ်းနှင့်မဲ့ပလဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး သေဆုံး။

မြဝတီ ဇရပ်ဖြူကုန်းရွာပစ်ခတ်မှုတွင် ဝှေ့ရှမ်းနှင့်မဲ့ပလဲ့မှ ကျေးရွာအုပ်ချုပ်ရေးမှူး ၂ ဦးနှင့် ပြည်သူ့စစ်အဖွဲ့ဝင် ၁ ဦး သေဆုံး။

ကရင်ပြည်နယ် မြဝတီခရိုင် ဇရပ်ဖြူကုန်းကျေးရွာ ဘုန်းကြီးကျောင်းဓမ္မာရုံတွင် ယနေ့ မတ်လ ၁၉ ရက် ည ၈ နာရီခွဲခန့်က ပြုလုပ်ခဲ့သည့် ကျေးရွာတာဝန်ခံ ရွေးချယ်ပွဲအစည်းအဝေး၌ ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုဖြစ်စဉ်တွင်စစ်ကောင်စီ မှ ခန့်အပ်ထားသည့်ဝှေ့ရှမ်းကျေးရွာအုပ်ချုပ်ရေးမှူးအသစ် ဦးခင်ဝင်း နှင့် မဲ့ပလဲကျေးရွာအုပ်ချုပ်ရေးမှူး ဦးအောင်ဝင်း တို့နှစ်ဦး နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့သည်။

၎င်းအပြင် စိုးရိမ်ရသည့်အခြေအနေဖြင့် ဒဏ်ရာပြင်းထန်သူ  ပြည်သူ့စစ် အဖွဲ့ဝင် ဦးကျော်လင်းဦး မှာလည်း သင်္ကန်းညီနောင် အမှတ် (၇) တပ်မတော်ဆေးရုံတွင် ထပ်မံသေဆုံးခဲ့သည်ဟု သိရသည်။

ရပ်မိရပ်ဖ ဦးတင်လှ နှင့် ဦးဘိုကေတို့နှစ်ဦးမှာလည်းသေနတ်ကျည်ထိမှန်ဒဏ်ရာဖြင့် အဆိုပါစစ်ဆေးရုံတွင် ဆေးကုသမှု ခံယူလျက်ရှိသည်။

အဆိုပါဖြစ်စဉ် ဖြစ်ပွားခဲ့ပြီးနောက် တပ်မှ နယ်မြေရှင်းလင်းမှုများ ဆောင်ရွက်လျက်ရှိသလို လက်ရှိ မြဝတီမြို့တွင်း၌ တပ်အင်အား အများအပြားဖြင့် လုံခြုံရေးတင်းကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Most read this week

December 17, 2025
စစ်တပ်က ထားဝယ်မြို့ပေါ်တွင် လူငယ်များကို တပ်သားသစ်အတွက် ပေါ်တာဆွဲပြီး စစ်သင်တန်းကျောင်းသို့...
Photo credit - social media
December 16, 2025
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ကျေးရွာများသို့ ဒီဇင်ဘာလဒုတိယအပတ်အတွင်း စစ်ကြောင်း ထိုးခဲ့သော...
December 15, 2025
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင်၊ ဘူးသိုမြို့နယ်၊ ဘူအားဒဲ ကျေးရွာအုပ်စုထဲသို့...
December 11, 2025
ပြက္ခဒိန်နှစ် တစ်နှစ်ရဲ့ နောက်ဆုံးလဖြစ်တဲ့ ဒီဇင်ဘာလရဲ့ (၉)ရက်နေ့က အပြည်ပြည်ဆိုင်ရာ အဂတိ လိုက်စား...