ကော့ကရိတ်တောင်ပိုင်း လူမျိုးပေါင်းစုံသပိတ်စစ်ကြောင်း စစ်တပ်ရှေ့တွင် ဆန္ဒပြ

ကော့ကရိတ်တောင်ပိုင်း လူမျိုးပေါင်းစုံသပိတ်စစ်ကြောင်း စစ်တပ်ရှေ့တွင် ဆန္ဒပြ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်မှ ပြည်သူများပါဝင်သည့် လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်းက စစ်ကောင်စီ၏ တပ်စခန်းရှေ့တွင် ယနေ့(မတ် ၂၀ ရက်)၌ သွားရောက် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

ကရင်၊ ရှမ်း၊ ဗမာ၊ မွန်၊ ပအိုဝ်း စသည့် တိုင်းရင်းသား ၂၀၀ ဦးကျော် ပါဝင်သည့် သပိတ်စစ်ကြောင်းသည် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျိတ်ကျေးရွာရှိ ကျိတ်စခန်းရှေ့တွင် ဆန္ဒပြသခဲ့ခြင်းဖြစ်ကြောင်း ဦးဆောင် သူများက ပြောသည်။

သပိတ်စစ်ကြောင်းကို ဦးဆောင်သူ တစ်ဦးက “ အဓိကက အာဏာရှင်စနစ်ကို အလိုမရှိတဲ့အကြောင်း တပ်စ ခန်းရှေ့မှာ ငြိမ်းချမ်းစွာ ဆန္ဒသွားရောက်ထုတ်ဖော်တာပါ။ ဒီနေ့ ဆန္ဒထုတ်ဖော်ပွဲမှာတော့ ဘာအနှောင့်အယှက် အခက်အခဲမှ မရှိပါဘူး။” ဟု ကေအိုင်စီသို့ပြောသည်။

အာဏာရှင်စနစ် အလိုမရှိ၊ မဟာလူမျိုးကြီးဝါဒ အလိုမရှိ၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေ စီရရှိရေး၊ ၂၀၀၈ ဖွဲ့စည်းပုံ ဖျက်သိမ်းရေးတို့ကို အဓိကထား တောင်းဆို ဆန္ဒပြနေသည့် အဆိုပါ လူမျိုးပေါင်းစုံ သပိတ်စစ်ကြောင်းတွင် ကရင်လူငယ်များ အများဆုံးပါဝင်ပြီး ပညာရေးဝန်ထမ်းများ၊ တက်ကြွလှုပ်ရှားသူများ၊ Generation Z များလည်း ပါဝင်လျက်ရှိသည်။

ယနေ့ ဆန္ဒထုတ်ဖော်ပွဲတွင် ကား၊ ဆိုင်ကယ်များဖြင့် ကော့ကရိတ်မြို့နယ်၊ အံဖကြီးရွာမှ စတင်၍ နန်းရွှေမံှု၊ ဒေါက်ပလံ၊ ခုဒုံ၊ စံဖလားရွာများမှ တောင်ဖက်လမ်းအတိုင်း ချီတက်လာပြီး ကြာအင်းဆိပ်ကြီးမြို့နယ် အစွန်း၊ လန်းဖား၊ ကော့ဆိုင်၊ ကျိတ်ကျေးရွာအထိ သွားရောက်ခဲ့ကြသည်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖေဖော်ဝါရီလအတွင်း ကော့ကရိတ်လူမျိုးပေါင်းစုံသပိတ်စစ် ကြောင်းသည် ကော့ကရိတ်မြို့ပေါ်တွင် နေ့စဉ် ဆန္ဒပြခဲ့သော်လည်း စစ်တပ်နှင့်ရဲများ၏ ဖမ်းဆီး ဖြိုခွဲမှုကို ခံခဲ့ရပြီးနောက်ပိုင်း ယခု မတ်လတွင် ရွာများ၌သာ ပိုမို ဆန္ဒထုတ်ဖော်ပြသလာခဲ့သည်ဟု သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...