နိုင်ငံ ပြန်လည်တည်ဆောက်ရန်နှင့် ကျဆုံးသူ လူငယ်များအတွက် ဆုတောင်းပွဲ ပြုလုပ်

နိုင်ငံ ပြန်လည်တည်ဆောက်ရန်နှင့် ကျဆုံးသူ လူငယ်များအတွက် ဆုတောင်းပွဲ ပြုလုပ်

ငြိမ်းချမ်းသည့် မြန်မာနိုင်ငံတော် တည်ဆောက်နိုင်ရန်နှင့် ကျဆုံးသွားသည့် အာဇာနည်လူငယ်များအတွက် ဆုတောင်း ပွဲကို မတ်လ ၁၉ရက်နေ့တွင် ဖားအံမြို့နယ်ရှိ ဇွဲကပင်တောင်ခြေတစ်နေရာ၌ ပြုလုပ်ခဲ့ကြသည်။

၎င်းဆုတောင်းပွဲကို ရောက်ရှိလာသူအားလုံးက မိမိတို့ကိုးကွယ်ယုံကြည်ရာ ဘာသာအလိုက် သက်ဆိုင်ရာ ဘာသာဝင် များက ဆုတောင်းခြင်း၊ မေတ္တာစက်ဝိုင်းသီချင်း သီဆိုခြင်း၊ ပြည်သူတစ်ဦးမှ စိတ်ခွန်အားဖြစ် အားပေးစကားပြောခြင်း စသည့်အစီအစဉ်များလည်း ပါဝင်ခဲ့သည်။

ဆုတောင်းပွဲတွင် ပါဝင်သူ လူငယ်တစ်ဦးက “အဓိကကတော့ ဒီမိုကရေစီတိုက်ပွဲတွင်းမှာ အသက်ပေးပြီး ကိုယ့်အသက် ကိုတောင် ပဓာနမထားဘဲ တိုင်းပြည်အတွက် ပေးဆပ်ခဲ့ရတဲ့ သူရဲကောင်းတွေအတွက် သူတို့ရဲ့မိသားစုဝင်တွေအတွက် ရယ်၊ ဒီမြန်မာနိုင်ငံ ငြိမ်းချမ်းဖို့အတွက် ဆုတောင်းပွဲ ပြုလုပ်တာဖြစ်တယ်။”ဟု ကေအိုင်စီသို့ ပြောသည်။

ယနေ့ ညနေ ၄နာရီမှ ၅နာရီကျော်အထိ ပြုလုပ်ခဲ့သည့် အဆိုပါဘာသာအလိုက် ဆုတောင်းပွဲကို မျိုးဆက်သစ် လူငယ် မောင်မယ် ၁၀၀နီးပါး ပူးပေါင်းပါဝင်ခဲ့ကြသည်။

ကရင်ပြည်နယ်တွင် မြဝတီ၊ လှိုင်းဘွဲ၊ ဘုရားသုံးဆူနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်များ၌လည်း အလားတူ ဆုတောင်းပွဲကို ဒေသအလိုက် အသီးသီး ပြုလုပ်ခဲ့ကြသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...