အင်းစိန်ကုန်း မညက သပိတ်ဖြိုခွင်းစဉ် ဖမ်းခံရသည့် လူငယ် ၉ဦး ပြန်လွှတ်လာ

အင်းစိန်ကုန်း မညက သပိတ်ဖြိုခွင်းစဉ် ဖမ်းခံရသည့် လူငယ် ၉ဦး ပြန်လွှတ်လာ

အင်းစိန်မြို့နယ်၊ မင်းကြီးလမ်း၊ တောင်သူကုန်းရပ်ကွက်၊ မညက ကားမှတ်တိုင်အနီးသပိတ်ကို ပြီးခဲ့သည့် မတ် ၁၂ ရက်၊ နေ့လည်ပိုင်းတွင် ဖြိုခွင်းစဉ် အဖမ်းခံရသည့်လူငယ် ၉ဦးမှာ မတ်လ ၁၄ရက်နေ့တွင် ပြန်လွှတ်လာကြောင်း မိသားစုဝင်များက ပြောသည်။

"ဖမ်းခံရတဲ့ ၉ဦး ညနေပိုင်းမှာ ပြန်လွှတ်လာတယ်။ ကျနော့်သား စောစဲမရယ်ရှင်း ညနေ ၅နာရီလောက် ပြန်ရောက်လာ တယ်။"ဟု ဖမ်းခံရသူတဦး၏ဖခင်ဖြစ်သူ စောသန့်ရှင်းက မတ် ၁၄ရက်နေ့ ညနေပိုင်းတွင် ကေအိုင်စီသို့ ပြောသည်။

ယခုလိုပြန်လွှတ်လာရန် အဘက်ဘက်မှ ဝိုင်းဝန်းကူညီပေးသူများကိုလည်း ကျေးဇူးတင်ရှိပါကြောင်းပြောလိုသည်ဟု ၎င်းက ဆက်ပြောသည်။

အဆိုပါ သပိတ်ဖြိုခွင်းစဉ်က လူငယ်များသည် နီးစပ်ရာလမ်းသွယ်များထဲ ရှောင်ပြေးခဲ့သော်လည်း ရဲများက နေအိမ်များ ထဲအထိ ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ရပ်ကွက်နေပြည်သူများက ပြောသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...