CRPH မှ ခန့်ထားသော ဒုသမ္မတ မန်းဝင်းခိုင်သန်းကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုထား

CRPH မှ ခန့်ထားသော ဒုသမ္မတ မန်းဝင်းခိုင်သန်းကို နိုင်ငံတော်ပုန်ကန်မှုဖြင့် တရားစွဲဆိုထား

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) မှ ပြီးခဲ့သည့် မတ်လ ၉ရက်နေ့က ခန့်အပ်ထား သည့် ယာယီ ဒုသမ္မတ မန်းဝင်းခိုင်သန်းအား မြဝတီခရိုင်တရားရုံးတွင် နိုင်ငံတော်ပုန်ကန်မှု ဥပဒေ ပုဒ်မ ၁၂၂(၁)ဖြင့် တရားစွဲဆိုထားကြောင်း သိရသည်။

ဒုသမ္မတ မန်းဝင်းခိုင်သန်းသည် မတ်လ ၁၃ရက်နေ့က လူမှုကွန်ရက်ပေါ်တွင် နိုင်ငံတော်အခြေပြု မိန့်ခွန်း ပြောကြားရာတွင် ဖေဖော်ဝါရီ ၁ရက်မှစ၍ စစ်ကောင်စီမှ နိုင်ငံတော်အာဏာအား မတရားသိမ်းယူခဲ့သဖြင့် ၎င်းတို့ထုတ်ပြန်သည့် အမိန့်အာဏာဟူသမျှကို လူထုအလွှာအသီးသီးမှ ဖီဆန်ကြရန်နှင့် ဝန်ထမ်းများအနေ ဖြင့် CDM တွင် ပူးပေါင်းပါဝင်ကြရန် တိုက်တွန်းထားသည်။

၎င်းအပြင် နိုင်ငံတော်အား ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ရန် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အ စည်းများအနေဖြင့်လည်း ပူးပေါင်းလုပ်ဆောင်ကြရန် နှိုးဆော်ထားသည်။ ယင်းကဲ့သို့ ပြောကြားမှုများကြောင့် မြဝတီခရိုင်တရားရုံးတွင် နိုင်ငံတော်ပုန်ကန်မှု ဥပဒေပုဒ်မ ၁၂၂(၁)ဖြင့် တရားစွဲထားခြင်းဖြစ်သည်ဟု သိရ သည်။

၎င်းအပြင် ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) မှ မန်းဝင်းခိုင်သန်းအား ဒုသမ္မတအဖြစ် မတ်လ ၉ရက်နေ့က ခန့်အပ်မှုအပြီး နောက်တစ်ရက် မတ်လ ၁၀ရက်နေ့တွင် မြဝတီမြို့ အမှတ်-၃ရပ်ကွက် မန်းဘခိုင်လမ်းရှိ ၎င်း၏နေအိမ်သို့ ရဲနှင့် တပ်တို့က ဝင်ရောက်ရှာဖွေမှုများ ပြုလုပ်ခဲ့သေးသည်။

ထိုသို့ ရှာဖွေစဉ် ဒုသမ္မတ မန်းဝင်းခိုင်သန်းနှင့် အတူနေမိသားစုဝင်များသည် ကြိုတင်တိမ်းရှောင်နေ၍ ဖမ်း ဆီးခံရခြင်း မရှိခဲ့ပေ။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...