စစ်ကောင်စီအုပ်စု၏ ပြည်သူလူထုများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရစေမှုအပေါ် KNU အပြင်းအထန်ရှုတ်ချ

စစ်ကောင်စီအုပ်စု၏ ပြည်သူလူထုများ သတ်ဖြတ်ခံရခြင်းနှင့် ထိခိုက်ဒဏ်ရာရစေမှုအပေါ် KNU အပြင်းအထန်ရှုတ်ချ

ယမန်နေ့က လှိုင်သာယာဖြစ်စဉ်အပါအဝင် အခြားနေရာဒေသများတွင် ဖြစ်ပေါ်ခဲ့သည့် စစ်ကောင်စီ အကြမ်းဖက်အုပ်စု၏ ပြည်သူလူထုများအား ပစ်ခတ်သတ်ဖြတ်ခြင်းနှင့် ထိခိုက်ဒဏ်ရာ ရရှိစေမှု အပေါ် အပြင်းအထန် ရှုတ်ချကြောင်း KNU-ကရင်အမျိုးသားအစည်းအရုံး-မှ ယနေ့ ၎င်းတို့၏ ပြန်ကြာရေး ဌာန၏ Thoolei News လူမှုစာမျက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။

KNU အနေဖြင့် အာဏာသိမ်း စစ်တပ်နှင့် ရဲတပ်ဖွဲ့ဝင်များ၏ လူတန်းစာအလွှာအသီးသီး ခွဲခြားမှုမရှိ အကြမ်း ဖက်လုပ်ဆောင်မှုများအပေါ် လက်မခံနိုင်ဘဲ လက်ရှိအခြေအနေများကို အနီးကပ် စောင့်ကြည့်နေပြီး အာဏာသိမ်း စစ်တပ် နှင့် ရဲတပ်ဖွဲ့ များ အား အကန့်အသတ်ဖြင့် ထိန်းချုပ်ရန်လည်း တိုက်တွန်းထားသည်။

လက်ရှိတိုင်းပြည်၏ နိုင်ငံရေး စနစ်ပြောင်းလဲမှုအတွက် ငြိမ်းချမ်းသော နည်းလမ်းဖြင့် ဆန္ဒဖော်ထုတ်သူများအား KNUမှ အပြည့်အဝထောက်ခံပြီး စစ်အာဏာရှင် စနစ် အဆုံးသတ်ရေးနှင့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေး ဟူသည့် ရည်မှန်းချက်ကိုလည်း အာရုံးလွဲမသွားစေရန် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်သူများကို KNUက တိုက်တွန်းထားသည်။

လက်ရှိအချိန်ထိ စစ်အာဏာရှင် ဆန့်ကျင်လှုပ်ရှားမှုတွင် အသက်ပေးသွားခဲ့ရသည့် တစ်ဦးချင်းစီတိုင်းအတွက် မိသားစု နှင့် ထပ်တူ ဝမ်းနည်းကြောင််းနှင့် ဖက်ဒရယ် ဒီမိုကရေစီ ရရှိသည်အထိ အတူတကွ ဆက်လက်တိုက်ပွဲ ဝင်သွားမည်ဖြစ်ကြောင်းလည်း KNU၏ ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...