လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် KNU လူသစ်စုဆောင်းမှုသတင်း မဟုတ်မှန်ကြောင်း KNLA ရှင်းချက်ထုတ်

လူမှုကွန်ရက်၌ ပျံ့နှံ့နေသည့် KNU လူသစ်စုဆောင်းမှုသတင်း မဟုတ်မှန်ကြောင်း KNLA ရှင်းချက်ထုတ်

Facebook လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့နေသော “သင့်အား KNU မှ အလိုရှိသည်” ဟူသည်စာတန်းဖြင့် လူသစ်စု ဆောင်းနေသည့်သတင်းမှာ မဟုတ်မှန်ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဌာနချုပ်က မတ်လ ၉ရက် ယနေ့တွင် ပြန်လည် ရှင်းလင်းထုတ်ပြန်ထားသည်။

သင့်အား KNU မှ အလိုရှိသည် စာတန်းအပြင် ထိုင်းနိုင်ငံ ကရင်အမျိုးသားဆက်ဆံရေးရုံးနှင့် ရုံးချုပ် တာဝန်ခံ ဖုန်းနံ ပါတ်ဟူ၍ ဆက်သွယ်ရန် ဖုန်းနံပါတ် (၄)လုံးပါ ထည့်သွင်းရေးသားဖော်ပြထားသောစာမှာ ယမန်နေ့က လူမှုကွန်ရက် စာမျက်နှာပေါ် ပျံ့နှံ့လျက်ရှိသည့်အပေါ် KNLA ရုံးချုပ်က ယခုလို ပြန်လည်ရှင်းလင်း ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။

အဆိုပါအချက်အလက်များမှာ မှားယွင်းကြောင်းနှင့် KNLA ၏ အထွေထွေ ဌာနချုပ်ရုံးမှ အဆိုပါသတင်းအချက်အလက် ကို ထုတ်ပြန်ခဲ့ခြင်းမရှိကြောင်း KNLA ၏ အွန်လိုင်းစာမျက်နှာ KNLA GHQ တွင် ပြန်လည်ဖြေရှင်းချက် ထုတ်ပြန်ထားခဲ့ ခြင်းဖြစ်သည်။

ရှင်းလင်းထုတ်ပြန်ချက်နှင့်ပတ်သက်ပြီး သက်ဆိုင်ရာ KNLA ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးကလည်း ၎င်းတို့၏ ပြန်လည် ရှင်းလင်းချက်ဖြစ်ကြောင်း ယနေ့ မတ်လ ၉ရက်နေ့တွင် ကေအိုင်စီသို့ အတည်ပြု ပြောဆိုသည်။

စစ်အာဏာသိမ်းမှုအပေါ် KNU က နိုင်ငံတကာနှင့်ပူးပေါင်း၍ ဆန့်ကျင်သွားမည်ဖြစ်ကြောင်း သဘောထားကြေညာ ချက်များ ထုတ်ပြန်လာမှု၊ KNU ၏ ထိန်းချုပ်နယ်မြေနှင့် ထိစပ်နယ်မြေများတွင် ဒေသခံများ၏ ချီတက်ဆန္ဒဖော်ထုတ်မှု အပေါ် KNLA တပ်ဖွဲ့ဝင်များက လုံခြုံရေးကို ကာကွယ်ပေးမှုများအပေါ် လူမှုကွန်ရက်ပေါ်တွင် အားပေးထောက်ခံမှုနှင့် သွေးထိုးလှုံ့ဆော်မှုများမှာ မတ်လအတွင်း ပိုမိုပျံ့နှံ့ ပေါ်ထွက်လာလျက်ရှိသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...