KNU တပ်မဟာ ၁ နှင့် စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေ

KNU တပ်မဟာ ၁ နှင့် စစ်တပ်တို့ကြား တိုက်ပွဲဖြစ်ပွားနေ

KNU-ကရင်အမျိုးသားအစည်းအရုံး နယ်မြေ၊ သထုံခရိုင်(တပ်မဟာ ၁)တွင် စစ်တပ်နှင့် KNU ၏ ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA တို့အကြား ယနေ့(မတ် ၉ ရက်)၌ ပစ်ခတ်မှုများ ဖြစ်ပွားနေကြောင်း သိရသည်။

စစ်တပ်ဘက်က KNLA တပ်မဟာ(၁)ကို စတင်ပစ်ခတ်ရာမှ တိုက်ပွဲဖြစ်ပွားရခြင်းဖြစ်ကြောင်း KNU သထုံခရိုင် အတွင်းရေးမှူး ပဒိုစောစိုးမြင့်က ကေအိုင်စီသို့ ယနေ့(မတ်လ ၉ ရက်) တွင် ပြောသည်။

“ဟုတ်တယ်။ ညောင်ကုန်းဖက်က တိုက်ပွဲ ဖြစ်တယ်လို့ ကျနော်တို့ ကြားတယ်။ သူတို့က ကျနော်တို့ တပ်ဖွဲ့ကို လာပစ်တော့ တိုက်ပွဲဖြစ်တာပေါ့။ ကျနော်တို့က အုပ်ချုပ်ရေးကဆိုတော့ စစ်ရေးကိစ္စကို ကျနော်တို့လည်း အတိ အကျပြောလို့ မရဘူး။ အတိအကျလည်း မသိသေးဘူးပေါ့နော်။”ဟု ခရိုင်အတွင်းရေးမှူးက ပြောသည်။

ယခု မတ်လအတွင်း ရဲ၊ လွှတ်တော်ကိုယ်စားလှယ်နှင့် စစ်အာဏာရှင်ဆန့်ကျင်ရေး တက်ကြွလှုပ်ရှားသူများ အပါအဝင် လူဦးရေ ၅၀ ဦးကျော်ကို KNU တပ်မဟာ(၁)မှ ကူညီ ကြိုဆို လက်ခံထားရှိမှုနှင့်ပတ်သက်၍  စစ်တပ်က ပစ်မှတ်ထားတိုက်ခိုက်လာခြင်းလည်း ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုမှုများ ရှိနေကြသည်။  

အဆိုပါ ပစ်ခတ်မှုဖြစ်ပွားသည့် နေရာနှင့် ထိခိုက်သေဆုံးမှုအခြေအနေနှင့် နှစ်ဖက်တပ်ရင်း အမည် နှင့်ပတ်သက်၍ ဆက်လက်စုံစမ်းနေဆဲဖြစ်ကြောင်းလည်း ခရိုင်အတွင်းရေးမှူးက ဆက်လက် ပြောဆိုသည်။

အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ ဒီမိုကရေစီရရှိရေးတို့အတွက် တောင်းဆို ဆန္ဒပြနေသူများကို KNU မှ ယခုလပိုင်းအတွင်း မြေပြင်၌ ဝန်းရံကူညီမှုများ ဆက်တိုက် ပြုလုပ်နေကြောင်းလည်း တွေ့မြင်နေရသည်။

ထိန်းချုပ်ခရိုင် ၇ ခရိုင်(တပ်မဟာ ၇ ခု)ရှိသည့် KNU တွင် သထုံခရိုင်(တပ်မဟာ ၁)နယ်မြေများအဖြစ် အစိုးရအုပ်ချုပ်မှု နယ်မြေအရ မွန်ပြည်နယ်မြောက်ပိုင်းနှင့် ကရင်ပြည်နယ် ဖားအံမြို့နယ်၊ သံလွင်မြစ်အ နောက်ခြမ်း ဒေသများ ပါဝင်သည်ဟု သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...