မြဝတီတောင်ဘက် ကျေးရွာပေါင်း ၈ ရွာခန့်မှ ရာနှင့်ချီသော ကရင်တိုင်းရင်းသားများ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

မြဝတီတောင်ဘက် ကျေးရွာပေါင်း ၈ ရွာခန့်မှ ရာနှင့်ချီသော ကရင်တိုင်းရင်းသားများ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်

ကရင်ပြည်နယ် မြဝတီမြို့နှင့် ၁၀ မိုင်ခန့်အကွာ လေးကေ့ကော်မြို့သစ် ကော်သဝါဈေးကွင်း တွင် မြဝတီတောင်ဘက်ခြမ်း ကျေးရွာပေါင်း ၈ ရွာခန့်မှ ကရင်တိုင်းရင်းသား ရာနှင့်ချီ၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ပွဲကို ယနေ့ မတ်လ ၉ ရက်နေ့ နေ့လည်ပိုင်းက ထပ်မံပြုလုပ်ခဲ့ကြောင်း သိရသည်။

အတားအဆီးတစ်ချို့ရှိခဲ့သော်လည်း သေဘော့ဘိုး၊ ဝေါ်လေ၊ ဖလူး၊ အူဖိုးထ အစရှိသည့် ကျေးရွာများမှ ရာနှင့်ချီသော ကရင်တိုင်းရင်းသားလူထုသည် လေးကေ့ကော်မြို့သစ်သို့ မွန်း တည့် ၁၂ နာရီခန့်က ရောက်ရှိလာပြီး လေးကေ့ကော်မြို့သစ်ရှိ ဒေသခံများနှင့်ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒဖော်ထုတ်ခဲ့ကြခြင်းဖြစ်သည်။

ဆန္ဒဖော်ထုတ်မှုတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဖျက် သိမ်းရေး၊ ဖမ်းဆီးထားသူများပြန်လည်လွှတ်ပေးရေး၊ ဒီမိုကရေစီဖက်ဒရယ်စနစ်ဖွဲ့စည်းပုံ အခြေခံဥပဒေ ပေါ်ပေါက်ရေး၊ ဘဝတူတိုင်းရင်းသားများ စည်းလုံးညီညွှတ်ရေး စသည့် ကြွေးကြော်သံများ ကြွေးကြော်ခဲ့ကြသည်။

၎င်းနောက် ဆန္ဒပြလူထုသည် မွန်းလွဲ ၁ နာရီခန့်တွင် မဲ့ထော်သလေး ဖလူး အစရှိသည့် ကျေးရွာများသို့ လှည့်လည်ပြီး ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့ကြကြောင်း သိရသည်။

May 16, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်စစ်အုပ်စုက အုပ်ချုပ်ရေးမှူးများမှတဆင့်‌...
May 15, 2026
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်ခရိုင် (တပ်မဟာ ၅) နယ်မြေအတွင်းရှိ တပ်စခန်းများသို့...
May 14, 2026
မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဖြစ်ပွားလာသည့် လက်နက်ကိုင်ပဋိ ပက္ခများနှင့် အတူ...
May 13, 2026
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ လမ်းဟောင်းလမ်းပိုင်းနှင့် အောက်ဘိုတဲဒေသတဝိုက်တွင်...